Sunday, June 14, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...
HomeCelebrities' Newsအနုပညာ အလုပ်ဆိုတာ စန်းရယ်...

အနုပညာ အလုပ်ဆိုတာ စန်းရယ် ကံရယ်လည်း အများကြီး အထောက်အပံ့ လိုသေးတယ် အလင်းရောင်

အလင်းရောင် ခေါင်းဆောင်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတဲ့ 3 Girls ရုပ်ရှင် ဇာတ်ကားရုံတင်ပြသတာ တစ်ပတ်ကျော်ခဲ့ပြီဖြစ်ပြီး ပရိသတ် တွေရဲ့ အားပေးမှု တွေလည်း ရရှိနေပါတယ်။ အလင်းရောင်အနေနဲ့ ထုတ်လုပ်ရေးတစ်ခုနဲ့ စာချုပ် ပြသာနာတွေဖြစ်ခဲ့ပြီး အနုပညာ အလုပ်တွေ တစ်နှစ်ကျော် နားပြီးနောက်မှာ ဒါရိုက်တာ ၀ိုင်းနဲ့ လက်တွဲကာ ပထမဦးဆုံး ခေါင်းဆောင်အနေနဲ့ ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင် ဇာတ်ကားပဲဖြစ်ပါတယ်။စီနီယာ မင်းသမီးတွေဖြစ်တဲ့ ဖွေးဖွေး ၊ အိချောပို ၊ ပိုင်ဖြိုးသု တို့နဲ့ ပထမဦးဆုံးဆုံးပြီး ရိုက်ကူးခဲ့ရတာကြောင့်လည်း ရှိန်နေခဲ့တာမျိုး လည်း ရှိကြောင်း အလင်းရောင်က ပြောပြပါတယ်။ဒီ ဇာတ်ကား ရိုက်ကူးတဲ့ အချိန်မှာတော့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လိုအပ်ချက်တွေလည်း ရှိခဲ့တယ်လို့ ဆိုတဲ့ အလင်းရောင်က…

“ဒီဇာတ်ကားရိုက်ကူးတုန်းက ဖိအား တော်တော်များခဲ့တယ်။ ဒါရိုက်တာကလည်း ကိုဝိုင်းဖြစ်နေတာရယ် ၊ ကိုဝိုင်းကလည်း တစ်ဆင်းန်နဲ့ တစ်ဆင်းန် ရသလောက် မရရ အောင် ရိုက်တာ ဆိုတော့ မင်းသမီးတွေက လည်း ကိုယ်နဲ့ တစ်ခါမှ သရုပ်မဆောင်ဖူးဘူးဆိုတော့ စီနီယာတွေ ဆိုတော့ ရှိန်လည်း ရှိန်တာနဲ့ pressure တွေ ကတော့ အများကြီး ရှိ တယ်။ကျွန်တော် အဲဒီတုန်းက ရိုက်ကူးတဲ့ အတိုင်းအတာ နဲက အတတ် နိုင်ဆုံး အကောင်းဆုံးလုပ်ခဲ့တယ်။ဒါပေမဲ့ အနုပညာရှင် တစ်ယောက်ရဲ့ လောဘပေါ့။ကျွန်တော်ပြန်ကြည့်တဲ့ အချိန်မှာငါ ဒီနား လေးမှာ ဒီထက်ပိုပြီး လုပ်လိုက်ရင် ဘယ်လိုကောင်းသွားမယ်ဆိုပြီးတော့ အဲဒီလိုမျိုးတော့ ကားတွေရိုက်လာတဲ့ အတွေ့အကြုံ များလာလေ ကိုယ်ရဲ့ အရင်တုန်းက ဇာတ်ကားတွေကြည့်ရင် ကိုယ့်လိုအပ်ချက်တွေကို ကိုယ့်ဘာသာကိုယ်သိပါတယ်။ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့ သရုပ်ဆောင် ချက်နဲ့ အတူ ကိုယ်လုပ်နေရတဲ့ အလုပ်ပေါ်မှာတော့ အဲဒီအချိန်ကတော့ အကောင်းဆုံးစိတ်နှစ်ပြီး ကြိုးစားပြီးလုပ်ထားတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ်လိုအပ်ချက် တွေရှိနေပေမယ့်လည်း နောက်ထပ် အများကြီး ထပ်ပြီး ကြိုးစားမယ်ဆိုတဲ့ စိတ်ဖြစ်ပါတယ်လို့” ပြောပါတယ်။

၂၀၁၇ ခုနှစ်ကတော့ အလင်းရောင်အတွက် ကံကောင်းခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကား၎ကား လောက်ထပ်ပြီး ရိုက်ကူးခဲ့ရသလို တခြား ထုတ်လုပ်ရေးတွေနဲ့လည်း ခေါင်းဆောင်မင်းသားအနေနဲ့ ဇာတ်ကားတွေရိုက်ကူးခွင့် ရခဲ့တယ်လို့ဆိုပါတယ်။အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေမယ့် အောင်မြင်ဖို့အတွက်ကတော့ သူ့ရဲ့ ကံပေါ်မှာလည်း မူတည် ကြောင်းကို အလင်းရောင်က…

“ကျွန်တော်တို့ အနုပညာအလုပ်ဆိုတာ စန်းရယ် ကံရယ် လည်းအများကြီး အထောက်အပံ့လိုသေးတယ်။အောင်မြင်တယ်။မအောင်မြင်ဘူးဆိုတာက ကျွန်တော်ကို ပရိသတ် အားပေးမှုအပေါ်မှာ မူတည်တယ်။ ကျွန်တော့်ကြိုးစားမှုနဲ့ကံပေါ့။ ကျွန်တော့်ကံကတော့ ဘယ်လိုလာမလဲမသိသေးဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071