Wednesday, September 2, 2026

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...

Fire Dragon International Futsal...

ရန်ကုန်၊ စက်တင်ဘာ ၂ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးစီးကျင်းပမည့် Fire Dragon International Futsal Cup 2026...

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇...

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ...

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၆...

တနင်္သာရီ၊ စက်တင်ဘာ ၂ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့်...
HomePopular Academyအနုပညာလောကမှာ ကြယ်ပွင့်တွေ ဖြစ်လာတော့မယ့်...

အနုပညာလောကမှာ ကြယ်ပွင့်တွေ ဖြစ်လာတော့မယ့် ရွှေကြိုမောင်မယ်များ

MIN_0367အကယ်ဒမီ ရွှေကြိုမောင်၊မယ် လျှောက်လွှာများကို ဇန်နဝါရီ လ၁၃ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး မှာ လျှောက်လွှာ ပုံစံတွေကို ထုတ်ပေး ခဲ့ပါတယ်။ အကယ်ဒမီ ရွှေကြို မောင်၊ မယ် ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင် ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အပြီးသတ်ရွေးချယ် ခဲ့တာဖြစ်ပါတယ်။ ရွှေကြို လာ ရောက်ဖောင်တင် သူ စုစုပေါင်း ၆၉၃ ဦး ရှိရာကနေ နောက်ဆုံး ဆန်ခါတင် အနေနဲ့ ရွှေကြိုမောင်မယ် စုစုပေါင်း ၁၆ ဦးကို ရွေးချယ်ခဲ့ ပေမယ့်လည်း သင်တန်းပေးအပ် နေစဉ် မတ်လ အတွင်းမှာ ရွှေကြို မောင်၊ မယ် ၄ ဦးထပ်တိုးခဲ့ပါတယ်။
အခုနှစ် အကယ်ဒမီ ရွှေကြို မောင်၊မယ် ရွေးချယ်ခြင်းကိုတော့ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု ၊စာနယ်ဇင်းဆရာ ဦးဝင်းငြိမ်း၊ စာနယ်ဇင်းဆရာ ဦးမြတ်ခိုင်၊ စာနယ်ဇင်းဆရာ ကိုမျိုး(မြန်မာစာ)၊ ဓာတ်ပုံပညာရှင် ဦးမိုးမင်း(Rays)၊ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ဒေါ်ခင် သန်းနွယ်၊ ဒါရိုက်တာ မောင်ဗေဒါ၊ ဒါရိုက်တာ အိအိခိုင် တို့က ရွေးချယ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အကယ်ဒမီ စင်မြင့်အထက် လမ်းလျှောက်နည်း၊ ဆုကိုင်နည်း၊ စတဲ့ သင်တန်းပိုင်း ဆိုင်ရာနဲ့ ပတ်သက်တာတွေ ကိုတော့ Star Event Production က ကိုဂျွန်လွင် က သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

နေရည်ဝင်းလဲ့

ညီမက ရွှေကြို အရမ်းဖြစ်ချင်ခဲ့တာ။ အမှန်အတိုင်း ပြောရရင် ညီမ ဝင်ပြိုင်တာ ၃နှစ် ရှိသွားပြီ။ နှစ်တိုင်း နောက်ဆုံး အဆင့် ထိ ရောက်တယ်။ ရောက်ပြီး ကံမကောင်းဘူး ပြုတ်ခဲ့တယ်။ ဒီနှစ်ကတော့ ညီမရဲ့ ကြိုးစားမှုအရာ ထင်ပြီးတော့ ရွှေကြိုထဲမှာ ပါသွားတယ်။ ကိုယ်အရမ်း ပါချင်တာ ဖြစ်တဲ့အတွက် အရမ်းလည်း ပျော်တယ်။ အရင်တုန်းက Talent Model  နဲ့ပူးပေါင်းပြီး ၃နှစ် လောက် မော်ဒယ် လုပ်ဖူးပါတယ်။ Miss World  ပြိုင်ပွဲမှာလည်း Popular Choice ရခဲ့တယ်။ တခြားဆုတွေ အများကြီး ရဖူး ပါတယ်။ အရင်တုန်း ကတော့ အကယ်ဒမီ ဗန်းကိုင်ပေါ့။ အကယ်ဒမီဗန်းကိုင် ကနေ မင်းသမီးဖြစ်သွားတဲ့ သူတွေ အများကြီးပဲ။ ဒါပေမဲ့ ခုနောက်ပိုင်းက နည်းနည်းလေး နည်းသွားတာ တွေ့ရတယ်။ အရင်တုန်းက မော်ဒယ်ပဲ လုပ်ခဲ့ဖူးတာ။ ခုကျတော့ ရွှေကြို လည်း ဖြစ် သွားပြီ ဆိုတော့ သရုပ်ဆောင် လောကထဲဝင်ဖို့ ညီမ ကြိုးစားနေပါတယ်။ သရုပ်ဆောင်နဲ့ ပတ်သက်တဲ့ ပညာတွေလည်း အများကြီး လေ့လာသွားမယ်။

နေခြည်ရွှန်းလဲ့

အရမ်းကို စိတ်လှုပ်ရှားပြီး ဝမ်းလည်းဝမ်းသာပါတယ်။ အရင်တုန်း ကတော့ မော်ဒယ်ပဲ လုပ်ခဲ့ဖူးပါ တယ်။ အခုညီမ ယဉ်ကျေးမှု တက္ကသိုလ်မှာ သရုပ်ဆောင်ပညာကို လေ့လာ သင်ယူရပါတယ်။ ရွှေကြိုကနေ တစ်ဆင့် အကောင်းဆုံး လုပ်သွားမှာပါ။ အခုရီဟာဇယ် လုပ်တဲ့ အချိန်မှာလည်း ဆရာဂျွန်လွင်၊ ဝါရင့် အနုပညာရှင်တွေဆီက ပညာတွေလည်း ရပါတယ်။ ရှေ့ဆက်ပြီးလည်း အနု ပညာအလုပ် ကို အကောင်းဆုံး လုပ်ဆောင် သွားမှာပါ။

မိုးပွင့်ဖြူဟန်

ညီမရွှေကြို တစ်ယောက် ဖြစ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အရင်တုန်းက အနုပညာလှုပ်ရှား  မှုအနေနဲ့ ညီမ MTV  ရိုက်ကူး တယ်။ Photo Model လုပ်တယ်။ Show လျှောက်တယ်။ ဟိုအရင်နှစ်တွေ ကတော့ အကယ်ဒမီ ဗန်းကိုင်ပေါ့။ အဲဒီကနေ တစ်ဆင့် အခုအောင်မြင်နေတဲ့ အနုပညာရှင်တွေ အများကြီးပဲ ဆိုတာ ညီမအနေ နဲ့လည်း အများကြီး မျှော်လင့်ထားတယ်။ ဆက်ပြီး ကြိုးစားသွားမယ်။

မိယဉ်သိုင်း

ညီမက မွန်ပြည်နယ်ကပါ။ ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းလည်း ပျော်ပါတယ်။ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ညီမက Miss ပြိုင်ပွဲ တစ်ပွဲ ပြိုင်ဖူးပါတယ်။ အဲဒီမှာ တတိယဆု ရရှိခဲ့ပါတယ်။ တခြားဘာမှတော့ မရှိပါဘူး။ ရွှေကြိုကနေ အနုပညာ လောက မှာ အောင်မြင်တဲ့ အနုပညာရှင်တွေ အများကြီး ရှိတယ်။ အဲဒါကြောင့် ညီမလည်း ရွှေကြိုကနေ အနုပညာ လောကထဲ ဝင်ချင်လို့ လာရောက် ယှဉ်ပြိုင်ခဲ့တာပါ။ အခု ရီဟာဇယ် တိုက်တဲ့အခါမှာလည်း အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ဆရာဂျွန်လွင် ဆီကနေ ပညာတွေ သင်ယူရတယ်။ အနုပညာ မောင်နှမတွေထဲက အကူအညီတွေ၊ အကြံဥာဏ်တွေ အများကြီး ရခဲ့ပါတယ်။ ညီမအနေ နဲ့ ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေ ဆက်လုပ်သွားမှာပါ။

နှင်းရွှေရည်

ရွှေကြိုကို ညီမ မနှစ်တုန်းကလည်း ဝင်လျှောက်ခဲ့တယ်။ ၂၅ ယောက်ထဲပဲပါခဲ့တယ်။ ဒီနှစ်မှာ ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းကို ဝမ်းသာပါ တယ်။ ရွှေကြိုကနေ အောင်မြင်တဲ့ အနု ပညာရှင် တွေ ဖြစ်သွားကြတဲ့သူတွေ အများကြီး ဆိုတော့ ညီမဘက်ကလည်း ကိုယ်ရလာတဲ့ အနုပညာ အခွင့်အရေးတွေကို အကောင်းဆုံး ကြိုးစားပြီးတော့ အနုပညာ အလုပ်တွေ လုပ်သွားမှာပါ။ ညီမအခု Miss Now How 2015 ဆုကို ရရှိထားပြီးတော့ Photo Shoot တွေ MTV တွေ ရိုက်ကူးထားပါတယ်။

ယမင်းပန်းချီ

ဂုဏ်လည်းယူပါတယ်။ အရင်တုန်းကတော့ Micro Film လေးတွေ၊ Short Film  ကလေးတွေ ရိုက်ကူးထားပါတယ်။ အခု ရီဟာဇယ် လုပ်တဲ့ အချိန်မှာက ကိုယ်မသိတဲ့ အရာ တွေ အများကြီး သိခဲ့ရတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာ အကုန်သိခဲ့ရတယ်။ ရှေ့ဆက်ပြီးလည်း ညီမ အနုပညာ လှုပ်ရှားမှုတွေ ဆက်ကြိုးစားပြီး လုပ်သွားမှာပါ။

ခင်ယမုံသင်း

အရမ်းလည်း ဝမ်းသာသလို၊ အရမ်းလည်း ပီတိဖြစ်မိပါတယ်။ အရင်တုန်း ကတော့ ညီမ အနုပညာ လှုပ်ရှားမှုတွေနဲ့ Miss ပွဲတွေ ပြိုင်ဖူးပါတယ်။ သရုပ်ဆောင် အနေနဲ့က MRTV 4 မှာ Level 2 ထိ အောင်မြင်ခဲ့တဲ့ အတွက် Documentry ဇာတ်ကား ပုဂံမှာ သွားရိုက် ကူးခဲ့ရပါတယ်။ ကျန်တာက MTV နဲ့ ကြော်ငြာတွေပဲ ရှိပါတယ်။ အခုရီဟာဇယ် တိုက်နေ တဲ့အချိန်မှာလည်း အတွေ့အကြုံတွေ အများကြီး ရပါတယ်။ ညီမ ငယ်ငယ်လေး ကတည်းက သရုပ်ဆောင်ကို ဝါသနာပါတယ်။ အခုလို ရွှေကြိုမှာ ပါဝင်ခွင့်ရပြီး ရှေ့ဆက် ပြီးညီမ အနုပညာ အလုပ်မှာ အများကြီး ကြိုးစားသွားမယ်။

ဟေသာလင်းလဲ့

ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းပျော်ပါတယ်။ ဂုဏ် လည်းယူမိပါတယ်။ ဒီရွှေကြို ဆိုတာ လူတွေ အများကြီးထဲမှာမှ အဆင့်ဆင့် ယှဉ်ပြိုင်ပြီးတော့မှ ရတာဆိုတော့ အရမ်းဂုဏ်ယူပါတယ်။ အရင် နှစ်တွေတည်းက ပြိုင်ချင်ပါတယ်။ ရွှေကြို တစ်ယောက် လည်း ဖြစ်ချင် ခဲ့တယ်။ ရွှေကြိုက အနုပညာလမ်းမှာ ရှေ့ဆက်ဖို့အတွက် လှေကား တစ်စင်းဆို တော့ ရွှေကြိုကို အရမ်းဖြစ် ချင်ခဲ့ပါတယ်။ အရင်တုန်း က အနုပညာ နဲ့ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ဖူးပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး  အများကြီးလည်း မျှော်မှန်းထားပါတယ်။ ညီမအပေါ် ကမ်းလှမ်းမှု တွေနဲ့မူတည်ပြီး ညီမ လုပ်ဆောင်သွားမှာပါ။ အခုဆိုရင်  Photo Shooting လေးတွေစပြီး ရိုက်ကူးနေပါပြီ။ ညီမက အနုပညာ နဲ့ အစိမ်းသက်သက် ဆိုတော့ အခုရွှေကြိုမှာ သူများထက် ပိုပြီး ကြိုးစားရပါတယ်။ ဆရာ ဂျွန်လွင် ပြော တာလေးတွေ သေချာနားထောင်ပြီး ကြိုးစားနေပါတယ်။

ပြည့်ဝနီမောင်

“ညီမရွှေကြိုမှာ ရွေးချယ်ခံရတဲ့ အတွက် အရမ်း ဝမ်းသာမိပါတယ်။ ညီမမှာ အနုပညာ မျိုးရိုးမရှိပါဘူး။ ဒီနှစ်မှရွှေကြို ပထမဦးဆုံး ဝင် လျှောက်ဖြစ်တာပါ။ ညီမရွှေကြို မလျှောက်ခင် မော်ဒယ် အလုပ်လုပ် ဖြစ်ပါတယ်။ ရွှေကြိုက ညီမတို့ အတွက် အရမ်း အရေးပါ ပါတယ်။ ညီမ အရင်က ရွှေကြို တစ်ယောက် ဖြစ်ချင် ခဲ့တယ်။ အခုဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ရွှေကြိုပြီး သွားရင် ညီမမော် ဒယ် အလုပ်နဲ့သရုပ်ဆောင် အလုပ်တွေ လုပ်ကိုင်ဖို့ ရှိပါတယ်”

နှင်းဝတီကျော်

“ညီမရွှေကြိုမှာ ရွေးချယ်ခံရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိပါ တယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ရွှေကြိုကို ပထမဆုံး ဝင်လျှောက်ဖြစ် တာပါ။ အနုပညာမျိုးရိုးတော့ မရှိပါ ဘူး။ ညီမအရင်က အလှဓာတ်ပုံတွေ ရိုက်ကူးဖြစ်ပါတယ်။ ရွှေကြိုက အနုပညာ လိုလား တဲ့သူတွေ အတွက် အနုပညာ လမ်းကြောင်းထဲကို ဝင် ရောက်ဖို့ တော်တော် အရေးပါပါ တယ်။ ရွှေကြိုပြီးရင် ညီမအနု ပညာ အလုပ်တွေ ဆက်လုပ်သွား မှာပါ”

သက်ပိုင်ဖြိုး

“ရွှေကြိုမှာ အရွေးခံရတဲ့ အတွက် အရမ်းပျော်ပါတယ်။ ကျွန် တော့်မှာ အနုပညာ မျိုးရိုးလည်း မရှိပါဘူး။ ရွှေကြိုက ကျွန်တော်တို့လို အနုပညာ အလုပ် လုပ်ချင်သူတွေ အတွက် အနုပညာ အခွင့်အရေးတွေ ပေးဆောင်နိုင်ပါတယ်။ ရွှေကြို မလျှောက်ခင်က ကျွန်တော်  Model လုပ်ရင်းနဲ့ ကြော်ငြာတွေ ရိုက်ကူးဖြစ် ပါတယ်။ ရွှေကြိုပြီးရင် အနုပညာ အလုပ်မှာ ကျွန်တော်နေရာ ပေးရင် ပေးသလောက် အကောင်းဆုံးကြိုး စား သွားဖို့ရှိပါတယ်”

တေဇာလင်း

“ရွှေကြိုထဲမှာ ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်။ ဒီနှစ်မှာ ပထမဦးဆုံး လျှောက်ဖြစ် ပါတယ်။ ကျွန်တော့်မှာ အနုပညာ မျိုးရိုး မရှိသေးပါဘူး။ ရွှေကြို မလျှောက်ခင်က ဓာတ်ပုံ မော်ဒယ် လုပ်ဖြစ်ပါတယ်။ ရွှေကြို ဆိုတာက သရုပ်ဆောင်ကောင်း တွေမွေး ထုတ် နိုင်တဲ့အတွက် ကျွန်တော်ဝင် လျှောက် ဖြစ်တာပါ။ ရွှေကြိုပြီးရင် ကြော်ငြာ ရှိုးပွဲတွေ လျှောက်ဖို့ရှိပါတယ်”

သူရအောင်

“ရွှေကြိုမှာ ရွေးချယ်ခံရတဲ့ အတွက် ကျွန်တော် အရမ်းဝမ်းသာ တယ်။ အနုပညာ မျိုးရိုးလည်း မရှိပါ ဘူး။ ရွှေကြိုမလျှောက်ခင် Model အလုပ်တွေ၊ သရုပ်ဆောင် အလုပ်တွေ လုပ်ဖြစ်တယ်။ ရွှေကြိုက အနုပညာ အလုပ်လုပ်မယ့် သူတွေအတွက် အထောက်အကူ များစွာဖြစ်တယ်။ ရွှေကြိုပြီးရင် ကျွန်တော် သရုပ်ဆောင် အလုပ် လုပ်ကိုင်သွားမှာပါ”

ဧဝရတ်မျိုး

“ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့ အတွက် မယုံနိုင်လောက်အောင် ဝမ်းသာ မိပါတယ်။ ရွှေကြိုကို ပထမ ဆုံးအကြိမ် ဝင်လျှောက်ဖြစ် တာပါ။ ရွှေကြို ကနေ တစ်ဆင့် အရှေ့မှာ လည်း အောင်မြင်ခဲ့တဲ့ စီနီယာ တွေလည်း ကျွန်တော် တွေ့ရပါတယ်။ ရွှေကြို မလုပ် ခင် ကြော်ငြာတွေ ရိုက်ကူးဖြစ်ပါတယ်။ ရွှေကြိုပြီး သွားရင် သရုပ်ဆောင် အလုပ်လုပ်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော့်မှာ အနုပညာ မျိုးရိုးလည်း မရှိပါဘူး”

မောင်မားကပ်ခ်

“ကျွန်တော် ရွှေကြိုမှာ ပါဝင်ခွင့် ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ ကျွန်တော့်မှာ အနုပညာ မျိုးရိုးမရှိပါ ဘူး။ ဒီနှစ်မှ ပထမဦးဆုံး ဝင်ရောက် လျှောက်ဖြစ်တယ်။ ရွှေကြိုက ဘာမှ မသိသေးတဲ့ လူငယ် အနုပညာရှင် တွေအတွက် တံခါးလေးတစ်ချပ် ပါပဲ။ ရွှေကြို မလျှောက်ခင် ကျွန် တော်အရင်က အလှဓာတ်ပုံလေး တွေ ရိုက်ဖြစ်ပါတယ်။ ရွှေကြိုပြီး သွားရင်လည်း မော်ဒယ်၊ သရုပ် ဆောင်ဘက်ကို အဓိက အားထားပြီး ကြိုးစားသွားမှာပါ”

စွမ်းထက်ညီညီ

“ကျွန်တော် ရွှေကြိုမှာ ပါဝင်ခွင့် ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ မိပါတယ်။ ကျွန်တော့်မှာ အနုပညာ မျိုးရိုး မရှိပါဘူး။ မနှစ်က ကျွန်တော် ရွှေကြိုနောက်ဆုံးဆင့် မှာ ပြုတ်ကျန်ခဲ့တယ်။ ရွှေကြိုက အနုပညာ ရှာနေတဲ့ လူတစ်ယောက် အတွက် တန်ဖိုးရှိတဲ့ သင်ကြားမှုတွေ၊ လေ့လာမှုတွေ အများကြီး ရပါတယ်။ ရွှေကြို ဝင်မလျှောက်ခင် ရှိုးပွဲတွေ လျှောက်ဖြစ်ပါတယ်။ ရွှေကြိုပြီးရင် ကျွန်တော့် ကို အခွင့်ရေး ပေးရင်ပေး သလို သရုပ်ဆောင် အလုပ်တွေ လုပ်ကိုင်သွားမှာပါ”

စိုးမင်းအောင်

“ရွှေကြိုမှာ ရွေးချယ်ခံရတဲ့ အတွက် အရမ်းဝမ်းသာတယ်။ အရမ်းလည်း ကျေနပ်တယ်။ ကျွန် တော်ရွှေကြို ဝင်လျှောက်တာ ဒီနှစ် ပါဆို ၃နှစ်ရှိပါပြီ။ ကျွန်တော်အနု ပညာ မျိုးရိုးမရှိပါဘူး။ ကျွန်တော် ဝါသနာပါတဲ့ အနုပညာကို ရွှေကြို ကနေတစ်ဆင့် ဝင်ရတဲ့ အတွက် ဂုဏ် ယူမိပါတယ်။ ရွှေကြို မလျှောက်ခင် က ကျွန်တော်ရှိုးပွဲတွေ လျှောက် ဖြစ် ပါတယ်။ ရွှေကြိုပြီးသွားရင် ကျွန် တော်သရုပ်ဆောင် အလုပ်ကိုကြိုး စားလေ့လာ သင်ယူသွားဖို့ရှိပါတယ်”

သြဇာ         

“အနုပညာ သမားတွေရဲ့ အမြတ်တနိုး တန်ဖိုးထားရာ အခု အကယ်ဒမီ ပေးပွဲမှာ ရွှေကြို အဖြစ် ရွေးချယ်ခံရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်တော့်မှာ အနုပညာ မျိုးရိုးမရှိဘူး။ ရွှေကြို မလျှောက်ခင် ကျွန်တော် Stars & Models agency မှာ Myanmar International Fashion Week 2016  မှာ Fashion Show တွေလျှောက် တယ်။ Music Video TV Commerical တွေလည်း ရိုက်ကူးတယ်။ ရွှေကြိုက ကျွန်တော် တို့ ရှေ့ဆက်လျှောက်မယ့် အနုပညာ လမ်းကြောင်းမှာ အထောက်အကူ အရမ်းဖြစ်ပါ တယ်။ ရွှေကြို ပြီးရင် အခွင့်အရေး ရရင် ရသလို လေ့လာ သင်ယူကြိုးစားသွားမှာပါ”

ရှိုင်းတင်ထူး

“ရွှေကြို အရွေးခံရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ မနှစ် က ရွှေကြိုတွေ ကြည့်ပြီး အရမ်းအား ကျမိတယ်။ ဒီနှစ်မှ ရွှေကြိုကို ပထမ ဆုံးကြိမ် ဝင်လျှောက်ဖြစ်တာပါ။ ကျွန်တော့်မှာ အနုပညာ မျိုးရိုးမရှိ ပါဘူး။ ရွှေကြိုကကျွန်တော့် အတွက် အကောင်းဆုံး ရလာဒ်တွေ ရလာမှာ ပါ။ ရွှေကြို မလျှောက်ခင် ကြော်ငြာ တွေ ရိုက်ကူးဖြစ်ပါတယ်။ ရွှေကြို ပြီးရင် သင်္ကြန် ဇာတ်ကားတွေ၊ ဒရာ မာစီးရီး ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိပါတယ်”

တွယ်တာ၊ ချယ်ရီ
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071