Wednesday, September 2, 2026

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇...

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ...

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းနှင့် ပြင်ပလူနာ...

ရန်ကုန်၊ စက်တင်ဘာ ၂ ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ် လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ပုဂ္ဂလိက...

လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အား ၃.၃...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃.၃(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမြေငလျင်မှာ စက်တင်ဘာ ၁...

ပင်လောင်းတွင် ကျပ် ၁ ဒသမ...

ပင်လောင်း၊ စက်တင်ဘာ ၂ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ကျပ် ၁ ဒသမ ၇၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ၊ ကမာရွတ်မြို့နယ်၌လည်း ကျပ်...
HomeNewsLocal Newsတနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း...

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေ

တနင်္သာရီ၊ စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့် အန္တရာယ်ရေမှတ်တို့ကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် ၂၅ ပေ ၇ လက်မအထိ မြင့်တက်ခဲ့ပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၇ ပေထက် ၈ ပေ ၇ လက်မနှင့် အန္တရာယ်ရေမှတ်ဖြစ်သည့် ၂၄ ပေထက် ၁ ပေ ၇ လက်မအထိ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် ယာယီကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရှိပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပူးပေါင်းအဖွဲ့များသည် ကယ်ဆယ်ရေးစခန်းများသို့ စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးခြင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကူညီပေးနေပြီး တနင်္သာရီတပ်နယ်မှ တာဝန်ရှိသူများကလည်း ကွင်းဆင်းကြည့်ရှုကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ အရေအတွက် ၇၀,၂၅၃ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးမြန်းဖြေကြားချက်များအရ သိရသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ART ဆေးဝါးဖြန့်ဖြူးမှုဆိုင်ရာ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ HIV လူနာများအတွက် ခုခံအားကျ ကာလသားရောဂါ တို-က်ဖျ-က်ရေးဌာနများနှင့် ART...

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းနှင့် ပြင်ပလူနာ ခွဲစိတ်ကုသရေး လုပ်ငန်းများ လိုင်စင်လျှောက်ထားရန် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၂ ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ် လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က ညွှန်ကြားချက်အမှတ် (၄၁/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ ညွှန်ကြားချက်သည် ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများမှ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လုပ်ငန်းများ စည်းကမ်းတကျ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။ ညွှန်ကြားချက်အရ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုသူများသည် ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံကို မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးမှ...

လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အား ၃.၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃.၃(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမြေငလျင်မှာ စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ ၄ မိနစ် ၁၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။ ကမ္ဘာအေးမြေငလျင်စခန်း၏ အချက်အလက်များအရ အဆိုပါမြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ လှိုင်သာယာမြို့နယ်၏ အနောက်-အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071