Wednesday, September 2, 2026

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇...

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ...

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၆...

တနင်္သာရီ၊ စက်တင်ဘာ ၂ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့်...
HomeNewsLocal NewsFire Dragon International...

Fire Dragon International Futsal Cup 2026 ပြိုင်ပွဲတွင် ပြည်ပဖူဆယ်ကလပ်အသင်း ၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးစီးကျင်းပမည့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ပြည်ပဖူဆယ်ကလပ် ၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ MFF Futsal Indoor Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ Black Steel Papua FC၊ ထိုင်းနိုင်ငံမှ Black Pearl United FC နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Lucky FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အင်ဒိုနီးရှား ထိပ်တန်းကလပ် Black Steel Papua FC သည် ဘရာဇီးကစားသမား ၃ ဦး ပါဝင်ပြီး အင်ဒိုနီးရှားဖူဆယ်လိဂ် ချန်ပီယံဆုကို နှစ်ကြိမ် ရရှိထားသည့် အသင်းဖြစ်သည်။ ထိုင်းဖူဆယ်လိဂ် ထိပ်တန်းကလပ် Black Pearl United FC တွင် ဘရာဇီးကစားသမား ၂ ဦး ပါဝင်ကာ ၂၀၂၆ ရာသီ၌ အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ ကမ္ဘောဒီးယားဖူဆယ်လောက၏ အင်အားကြီးအသင်း Lucky FC အတွက်မူ ယခုပြိုင်ပွဲသည် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲ ဖြစ်သည်။

အုပ်စုမဲခွဲမှုများအရ အင်ဒိုနီးရှားမှ Black Steel Papua FC နှင့် ကမ္ဘောဒီးယားမှ Lucky FC တို့သည် အုပ်စု (က) တွင် ကျရောက်နေပြီး ထိုင်းနိုင်ငံမှ Black Pearl United FC က အုပ်စု (ခ) တွင် ပါဝင်ယှဉ်ပြိုင်ရမည်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး (၁၉)ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅၅၅/၅ နှင့် ၅၅၆/၀ ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ အဝေးပြေးခရီး သည်တင်(Express)ကားသည် ဘရိတ်ပေါက်ပြီး လမ်း ၏ ဘယ်ဘက်ပေ(၅၀)ခန့်နက်သောချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသော ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအပါအဝင် ခရီးသည်(၁၉)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်လိုက်သည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ သတ်မှတ်ထားသည့် ရန်ကုန်အထိုင် လက်ငင်းငွေချေ လက္ကားဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင်...

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ အရေအတွက် ၇၀,၂၅၃ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးမြန်းဖြေကြားချက်များအရ သိရသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ART ဆေးဝါးဖြန့်ဖြူးမှုဆိုင်ရာ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ HIV လူနာများအတွက် ခုခံအားကျ ကာလသားရောဂါ တို-က်ဖျ-က်ရေးဌာနများနှင့် ART...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071