Friday, May 15, 2026

မအူပင်မြို့တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အ.က.က (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် KG-Grade 1 နှင့် မူကြိုသင်နည်းပြစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်...

ဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊ သွင်းအားစုနှင့်...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့...

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ...

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ...

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS...
HomeNewsLocal Newsအွန်လိုင်းမှ ဈေးရောင်းသူများ လာမည့်...

အွန်လိုင်းမှ ဈေးရောင်းသူများ လာမည့် ၂၀၂၄ ခုနှစ် နှစ်စမှစတင်ကာ မှတ်ပုံတင်ကြေး ပေးရမည်

အွန်လိုင်းမှ ဈေးရောင်းချသူများအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ မှတ်ပုံတင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်ခွင့်ပြုမည့် မှတ်ပုံတင်များအား သက်တမ်း (၂) နှစ်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ကြေး ကောက်ခံမည့် နှုန်းထားများမှာ ကုမ္ပဏီ (သို့) စီးပွား‌ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေး ကျပ် ၇၀,၀၀၀ ၊ သက်တမ်းတိုးကြေး ကျပ် ၇၀,၀၀၀ ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အလားတူ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ် ၊ သက်တမ်းတိုးကြေး ၅၀,၀၀၀ ကျပ်၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် မှတ်ပုံတင်ကြေးမှာ ၃၀,၀၀၀ ကျပ် ၊ သက်တမ်းတိုးကြေး ၃၀,၀၀၀ ကျပ် ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်း (၆) လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အ.က.က (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် KG-Grade 1 နှင့် မူကြိုသင်နည်းပြစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ ဆရာ၊ ဆရာမများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို...

ဝါးခယ်မမြို့နယ်တွင် တောင်သူများအား စိုက်ဘဏ်ချေးငွေ၊ သွင်းအားစုနှင့် စက်သုံးဆီရရှိရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စိုက်ဘဏ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများ အချိန်မီရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို...

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဖွင့်လှစ်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပြောကြားချက်အရ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၉၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးသစ်ဆောက်လုပ်ပြီးစီးမှုကြောင့် ဒေသခံဈေးရောင်းချသူများအတွက် ပိုမိုအဆင်ပြေသည့် ဈေးရောင်းဝယ်ရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071