Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeArticlesအွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

အွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

အကယ်ဒမီစပွန်ဆာနဲ့ရုပ်ရှင် ဥပဒေ အကယ်ဒမီစပွန်ဆာနဲ့ရုပ်ရှင် ဥပဒေ ဘာလဲ၊ ဘယ်လဲ

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကြီးကို ၂ဝ၁၈ခုနှစ်၊ မတ်လ မှာ ကျင်းပတော့မယ်လို့ ကိုကိုပွ ကျယ် သတင်းရထားပါတယ်။ ဒီနှစ် အကယ်ဒမီ စာရင်းဝင်ရုပ်ရှင် ဇာတ် ကား ၅၃ ကားထိ ရှိနေပြီ လို့ ကြားသိရပါတယ်။ ဇာတ်ကား များများ နဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် နှစ်တစ်နှစ် ဖြစ်လာမှာဖြစ်သလို အကယ်ဒမီဆုပေးရင်လည်း အရင် က ရွှေကြယ် ၂ ကျပ်သား ပေးနေ ရာက ဒီနှစ်တော့ ၅ ကျပ်သား ပေး မယ်တဲ့။ ဒါ့အပြင် တစ်သက်တာ ထူးချွန်ဆုကို ရွှေကြယ် ၅ ကျပ်သား အပြင် သက်ရှိထင်ရှားရှိစဉ် အချိန် မှာ လစဉ်ထောက်ပံ့ကြေးကိုပါ ချီးမြှင့်မှာဖြစ်တယ်လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သူ့ဖေ့စ်ဘုတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါဟာ ဝမ်းသာကြည်နူးစရာ သတင်းပါ။

“၂ဝ၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ ဆုရရှိသူတွေကို ယခင်ရွှေသားကြယ်၂ ကျပ်သား    ချီးမြင့်ခဲ့ရာမှ အခုနှစ်မှာ ရွှေသား ကြယ် ၅ ကျပ်သားချီးမြှင့်မှာဖြစ် ပါတယ်။ တစ်သက်တာ ရုပ်ရှင်ထူး ချွန်ဆုအတွက် ရွှေသားကြယ် ၅ ကျပ် သားအပြင် သက်ရှိထင်ရှားရှိစဉ် ကာလ တစ်လျှောက် လစဉ်ချီးမြှင့်ငွေ ပါ ချီးမြှင့်သွားမယ်။  ဒီကိစ္စအဝဝကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ အဆိုပြုလွှာ အောင်မြင်ခဲ့တဲ့Forever group နှင့်ဆက်စပ်ကုမ္မဏီများက ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပြီး Forever group အနေနဲ့ အခမ်း အနားကျင်း ပဖို့ကျပ်သိန်း ၃ဝဝဝ၊ ရုပ်ရှင် အစည်းအရုံးသို့ လှူဒါန်း ငွေကျပ် သိန်း ၃ဝဝဝ တို့ဖြင့် လေ့လာသူများ ရှေ့မှောက်မှာ အဆိုပြုလွှာ အောင် မြင်ခဲ့ပါသည်။

အခမ်းအနား ကျင်းပဖို့ ခန့် မှန်းကုန်ကျငွေ ကျပ်သိန်း ၃ဝဝဝ မှာ အထက်ပါရွှေကြယ်များကုန် ကျစရိတ် ပါဝင်ခြင်းမရှိဘဲ အဲဒီရွှေ ကြယ်များကျသင့်ငွေတန်ဖိုးအပြင် ကြွရောက်လာသူ တစ်ဦးအတွက် ကျပ် ၅ဝဝဝ ဖိုး ကျွေးမွေးဧည့်ခံစရိတ် ရေသန့်၊ အအေးတို့အတွက် ကုန်ကျစရိတ်တို့ကိုပါ Forever Group က သီးခြားကျခံ သုံးစွဲသွား မှာ ဖြစ်တယ်” လို့ ဦးဇင်ဝိုင်းက ရေးသားထားပါတယ်။

၂ဝ၁၇ အကယ်​ဒမီအတွက်​ ရုံ တင်ပြသထားတဲ့ ဇာတ်ကား  ၅၃ ကား စာရင်းကို Tun Tun Win ရဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပြုစုရေးသား ထားတာကို တွေ့ရပါသည်။  ရုပ်ရှင်ချစ်ပရိသတ်တွေထဲက May San ဖေ့စ်ဘုတ်ခ် အကောင့် ပိုင်ရှင်က ဇာတ်​ကားဆု ထာဝရအ​မေ၊ ဒါရိုက်​တာဆု ဦးဝိုင်း၊  အမျိုးသားဇာတ်​​ဆောင်​ဆု ​ပြေတီဦး နေတိုး၊ အမျိုးသမီးဇာတ်​​ဆောင်​ဆု အိန္ဒြာ​ကျော်​ဇင်​၊အမျိုးသမီးဇာတ်​ပို့ဆု ​အေးမြတ်​သူတို့ရမယ်လို့ ခန့်မှန်း ထားပါတယ်။

Htayhtay Swe အကောင့်ပိုင်ရှင်က တာတေကြီးက နေတိုး၊ရင်ဘတ်ထဲကဓားက အူဝဲ၊ ခေါက်ထီးလေးက အေးမြတ်သူ၊ ထာဝရအမေက စင်ရော်မောင်မောင်၊ဇာတ်ညွန်းက နေဝင်အိပ်တန်းတက်၊ ဓာတ်ပုံက သရာစောထိလို့ ခန့်မှန်း ထားပါတယ်။ Phyu Phyu က အမျိုးသမီးဇာတ်​​ဆောင်​ဆု-အန်​တီဆင့်​၊ အမျိုးသားဇာတ်​​ဆောင်​ဆု- ကို​နေတိုး ၊ Khine Zin ​အကောင့် ပိုင်ရှင်က နေဝင်​အိမ်​တန်းတက်​မှာ​ပြေတီဦးနဲ့ပိုင်​ဖြိုးသုရနိုင်​တယ်​၊ ​ခေါက်​ထီးက​လေး မလုံ့တလုံမှာ​အေးမြတ်​သူရနိုင်​တယ်​ ၊ ကျွန်​မှာ ထူးမွန်​ရနိုင်​တယ်​၊ ကပ္ပိယမှာ​ပြေတီ ဦးရနိုင်​တယ်​၊ ရာဇဝင်​ရိုင်းသူများမှာ​ပြေတီဦးနဲ့ မြင့်​မြတ်​ရနိုင်​တယ်​၊ အမည်​​ပေါက်​နဲ့ကျူးမှာ ​မြင့်​မြတ်​နဲ့အိ​ချောပိုရနိုင်​တယ်​၊ ​တောကျီးကန်း မှာ မြင့်​မြတ်​နဲ့ မိုး​ဟေကိုရနိုင်​တယ်​၊ တာ​တေကြီးမှာ ​နေတိုး ရနိုင်​တယ်​၊ ရင်​ဘတ်​ထဲကဓားမှာ ​​ပြေတီဦးနဲ့အူဝဲ ရနိုင်​တယ်​ ၊ 3girl မှာ​ဖွေး​ဖွေး၊အိ​ချောပို၊ပိုင်​ဖြိုးသုရနိုင်​တယ်​၊ ထာဝရ​အ​မေမှာ​ မေသန်းနုရနိုင်​တယ်​လို့ ရုပ်ရှင်ချစ်ပရိသတ်တွေက ခန့်မှန်း ထားပါတယ်။ ပရိသတ်တွေ ခန့်မှန်း ထားတဲ့အတိုင်းပဲ အကယ်ဒမီတွေ ရသွားမလားဆိုတာတော့ ကိုကိုပွ ကျယ်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာ နဲ့ စောင့်မျှော်လျက်ပါခင်ဗျား။

ရုပ်ရှင်ဥပဒေမူကြမ်းနဲ့ ဗီဒီယို လော ကတိုးတက်ဖို့ အဟန်ပအတား ဖြစ်စေတဲ့ပုဒ်မများ ရှင်းလင်းပွဲကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ လွှတ်တော် ကိုယ်စား လှယ်များ တက်ရောက်တဲ့အကြောင်း ကိုWin Tun Tun Facebook Account မှာတင်ထားတွေ့ရပါ တယ်။ ရုပ်ရှင် ဥပဒေထွက်ပေါ်လာဖို့ ရုပ်ရှင်လောကသားအားလုံးကြိုးစားလုပ်ဆောင်နေတာတွေ့ရလို့ ကိုကိုပွကျယ်တော့ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ အားလုံး ကျန်းမာချမ်း သာကြပါစေ။

ကိုကိုပွကျယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071