ရန်ကုန်မြို့၊ Lotte Hotel တွင်ဆရာတော်ဘဒ္ဒန္တ ဆရာတော် ဘဒ္ဒန္တပဏ္ဏာဝံသ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အောင်ဇမ္ဗူဆရာတော်၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား ဇန်နဝါရီ ၂၆ ရက်ကဆင်ယင်ကျင်းပခဲ့သည်။
အောင်ဇမ္ဗူဆရာတော်၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား၌ သီရိလင်္ကာနိုင်ငံအား ဆန်အိတ် ၁၀၀၀ အားပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီး မှ လက်ခံရယူခဲ့သည်။
၂၅ရက်နေ့က Lotte Hotel ၌ ကျင်းပပြုလုပ်သော အောင်ဇမ္ဗူဆရာတော်ကြီး ၏ ဝိဇာတမွေးနေ့အကြို ၌ပရိယတ္တိစာသင်တိုက်ကြီး(၃၀) အား သိန်း(၅၀)စီ ပစ္စည်းလေးပါးအတွက်အလှူငွေအဖြစ် ဘဏ်စာအုပ်များပေးအပ်လှူဒါန်းခြင်းအခမ်းအနားတွင် ကျောင်းတိုက်အသီးသီးမှတာဝန်ရှိသူများက အလှူလက်ခံခဲ့ကြသည်။
အောင်ဇမ္ဗူဆရာတော်၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာသို့ ပရိယတ္တိစာသင်တိုက်ကြီးများမှဆရာတော်ကြီးများ၊ထိုင်း၊ အိန္ဒိယသီရိလင်္ကာနိုင်ငံမှဆရာတော်ကြီးများ ကြွရောက်တော်မူခဲ့ကြကြောင်း သိရသည်။








