Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeCelebrities' Newsအခွေထွက် ကြဲသွားခြင်းအကြောင်းပြောပြတဲ့ အဆိုတော်ကြီး...

အခွေထွက် ကြဲသွားခြင်းအကြောင်းပြောပြတဲ့ အဆိုတော်ကြီး ဖြူသီ

တေးစီးရီးမထွက်ဖြစ်တာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ တေးသံရှင်ကြီး ဖြူသီက မောင်ဖြစ်သူ ရာဇာဝင်းတင့်နဲ့အတူ ရွှေစပယ်ရုံ တေးစီးရီးကို မေလ ၈ ရက်နေ့က ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအခွေမှာတော့ တေးရေးပညာရှင်ကြီးများ ဖြစ်တဲ့ ရွှေတိုင်ညွန့်၊ မြို့မငြိမ်း၊ ရွှေပြည်အေး၊ စန်းသော်တာ၊ ရွှေဂုန်မောင်၊ ရွှေညာမောင်၊ တက္ကသိုလ်လှ (ခ) မောင်မောင်လှ၊ စိန်ဝေလျှံ၊ မြို့မကိုဘိုခင်နဲ့ ဂီတလုလင်မောင်ကိုကိုတို့ရဲ့ တေးသီချင်းတွေပါဝင်ပြီး သီချင်းအားလုံး ၁၁ ပုဒ်ပါရှိပါတယ်။ ဖြူသီအနေနဲ့ တေးစီးရီးမထွက်ရှိခဲ့တာကြာခဲ့ပြီလည်း ဖြစ်ပါတယ်။ စီးရီးခွေမထွက်ဖြစ်ခဲ့ရခြင်းအကြောင်းကိုတော့ …

“အသက်အရွယ်ရလာတာ လည်းပါတာပေါ့နော်။ ပြီးတော့ ကိုယ့်မှာ လူမှုရေး ဘာညာတွေကလည်း အများကြီးဖြစ်လာတယ်လေ။ အဲဒါတွေကြောင့် ဒီစီးရီးဘက်ကို နည်းနည်းလျော့လာတယ်။ လျော့သွားပေမယ့်လို့ အန်တီက တော့ ကိုယ့်စတူဒီယိုထဲမှာ သီချင်းတွေသွင်းနေတာပါပဲ။ လူမသိဘဲနဲ့ လုပ်နေ တာပေါ့။ သီချင်းများလာတော့မှ အားလုံးကတိုက်တွန်းကြတယ်။ သီချင်းလေး တွေကလည်း ရှားပါးကုန်ပြီ။ သူများတွေပြန်လည်သီဆိုကြပေမယ့် အခု ဒီအခွေထဲမှာပါတဲ့ သီချင်းတွေကတော့ ဆိုတဲ့သူနည်းတယ်။ ရှားပါးသီချင်းကို ကိုယ့်ဘာသာကိုရွေးတယ်။ စန္ဒားယားဦးစိန်သောင်းက သေချာရွေးပေးတယ်။ တီးဝိုင်းအဖွဲ့တွေကလည်း တီးနိုင်ကြတယ်။ ခေတ်စတီရီယိုကိုလည်း တီးနိုင် တယ်၊ မြန်မာသံဆိုလည်းတီးနိုင်တယ်။ ဆိုင်းဆိုလည်း ကိုကျောက်စိမ်းတို့ အဖွဲ့ပေါ့။ အဲဒီလိုနဲ့ တီးထားတာ အန်တီ့လက်ထဲမှာ တေးစီးရီး ၃ စီးရီး တောင်ရှိတယ်။ ဒါကတော့ ပထမဆုံှးနူနခအငသည လုပ်လိုက်ပြီးတော့ ကိုယ့် မောင်လေးနဲ့တွဲပြီး နားထောင်တဲ့လူတွေရဲ့ နားထဲမှာ မအီသွားအောင်ပေါ့”လို့ တေးသံရှင်ကြီး ဖြူသီကပြောပါတယ်။ ဒီတေးစီးရီးကိုတော့ ဠဃီ အနေနဲ့ ထွက်ရှိမှာ မဟုတ်တော့ကြောင်းလည်း သိရပါတယ်။
VCD မရိုက်ဖြစ်ခြင်း အကြောင်းကိုတော့ …

“VCD ရိုက်ရင် ရိုက်ကူးတဲ့ ဒါရိုက်တာနဲ့ အိုက်ဒီ ယာနဲ့ သီချင်းထဲမှာ ဆိုလိုတဲ့ဟာတွေက တစ်ခါတစ်ခါမှာ လွဲလွဲသွား တာလေးတွေဖြစ်သွားတာတွေ့ရတယ်။ တွေ့တဲ့အခါမှာ ကိုယ်က အဲဒီ အချိန်မှာ ဒီလိုမဟုတ်ဘူး၊ ဟိုလိုရိုက်ဘာညာနဲ့ ကိုယ် ဝင်မပါချင်ဘူးလေ။ အဲဒီတော့ သီချင်းအရသာက တစ်ခါတစ်ခါ ပျက်သွားတတ်တယ်။ သီချင်းဝါသနာပါတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ဘယ်သူ VCDထွက်လည်း အန်တီနားထောင်တာပဲ။ အရုပ်နဲ့တွဲကြည့်တယ်။ မျက်စိမှိတ်ပြီး သီချင်းကြီးပဲ နားထောင်ရင် သိပ်အရသာရှိတယ်။ မျက်စိဖွင့်လိုက်ပြီး အရုပ်နဲ့ သီချင်းစာသားနဲ့တွဲလိုက်ရင် တစ်ခါတစ်ခါတော့ တအားကောင်းသွားတာရှိသလို တစ်ခါတစ်ခါကြတော့ စိတ်ညစ်သွားတာရှိတယ်။ အဲဒီတော့ ငါ့စီးရီးလည်း အဲဒီလိုအဖြစ်မခံဘူး မရိုက်ဘူးပေါ့။ ငါတို့ရုပ်ကိုမြင်ပြီး တော့ လူတွေလည်း စိတ်ပျက်သွားဦးမယ်ပေါ့(ရယ်လျက်)။ အဲဒီလိုဆိုတော့ မရိုက်တာဘဲ ကောင်းပါတယ်ဆိုပြီးတော့ မရိုက်ဘူး။ အန်တီနောက်ထွက်ရှိမယ့် အခွေတွေကိုလည်း မရိုက်ဘူး။ တစ်နည်းတစ်ဖုံနဲ့ အန်တီ တစ်မျိုးလုပ်မယ်” လို့တေးသံရှင်ကြီး ဖြူသီကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071