ပဉ္စမသင်္ဂါယနာတင် မင်းတရား ကြီးလက်ထက်တွင်မြို့ဝန်ဦးကောက် ရအား
အကောက်တောင်အရပ်မှကုန်းလမ်းရေလမ်း လှေအစုံ အဆန် ခရီးသွားတို့ကို
အခွန်ကောက်ဆက် သစေခဲ့သည်။
မြို့ဝန် ဦးကောက်ရ သည် ဤတောင်စွန်း၌ အကောက်ရုံး ဆောက်လုပ်၍
အခွန်ငွေများ ကောက်ခံခဲ့သည့် အချိန်မှစပြီး
ဤ ရတနာပုဉ္စတောင်သည် အကောက် တောင်ဟု တွင်ခဲ့ခြင်းဖြစ်သည်။
ပွင့်လင်းရာသီဖြစ်သည့် အလျောက် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများသို့ အနယ်နယ် အရပ်ရပ်တို့မှ ဘုရားဖူးခရီးသွားလာ မှုစည်ကားသည့်ကာလ ဖြစ်သည်။ ပုဂံ-ညောင်ဦး၊ ဆံတော်ရှင် ကျိုက်ထီး ရိုး၊ မြတ်မော်တင်စေတီတော်မြတ်၊ ရွှေစက်တော်၊ မန္တလေး စသည်တို့ နည်းတူ ဘုရားဖူးများ စိတ်ဝင်စား သွားရောက်ဖူးမြော်ကြသည်မှာ အကောက်တောင်၊ ရွှေမြင်းတင်စေတီ တော်ဖြစ်ပေသည်။
‘အကောက်တောင် – ရွှေမြင်း တင်စေတီတော်’ သည် မြန်မာပြည် အလယ်ပိုင်းရှိ ဟင်္သာတခရိုင် မြောက်ဘက်နယ်ဆုံး၊ ပြည်ခရိုင် တောင်ဘက်နယ်ဆုံး နှစ်နယ်စပ်အ တွင်း ဧရာဝတီမြစ်ကမ်းထိပ်၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် သောကြာဒူးအုပ်စုအတွင်း တည်ရှိ သည်။ ဧရာဝတီမြစ်ကမ်းထိပ်၌ ညို့ညို့ မှိုင်းမှိုင်း၊ ပင်ကိုင်းပင်စောက်၊ ပိတောက်ရွှေဝါ၊ မာလာဖူးငုံပန်းမျိုးစုံ ရောယှက်ပွင့်ဖူးနေကြသည်မှာ နှစ် သက်ကြည်နူးစရာ အလွန် ကောင်းလှ သည်။ အကောက် တောင်ထိပ်တွင် ရွှေမြင်းတင်စေတီတော် ကိန်းဝပ် စံပယ်တော်မူလျက်ရှိ၏။ ရွှေမြင်းတင်စေတီတော်၏ ဒါယကာသည် သီရိဘင်္ဂလွန်မင်းကြီး ၏ သားတော်ကြီး မဟာပုဉ္စမင်းသား ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂ဝဝဝခန့် က တည်ထားခဲ့ခြင်းဖြစ်သည်။
ရှေးယခင်က ထိုနေရာသည် မြို့အင်္ဂါလက္ခဏာနှင့် ညီညွတ်စွာ ကြက်ပျံမကျစည်ကားလှသော မြို့ ကြီး သီရိဘင်္ဂလွန် မြို့တည်ရှိသည်။ သီရိဘင်္ဂလွန်မြို့ကြီးကို အုပ်ချုပ်မင်း လုပ်သော သီရိဘင်္ဂလွန်မင်းကြီး၏ တောင်နန်းစံမိဖုရားမှ ဖွားသော သားတော်ကြီး မဟာပုဉ္စမင်းသား၊ သားတော်အလတ် စူဠပုဉ္စမင်းသား၊ သားတော်ငယ် သံပုဉ္စမင်းသားဟု သားတော်သုံးပါးရှိသည်။ သီရိဘင်္ဂလွန်မင်းကြီးသည် သားတော်ကြီး မဟာပုဉ္စမင်းသားကို သိကြားမင်းဆက်သသော သိန္ဓော နတ်မြင်းပျံကို ပေး၍ အိမ်ရှေ့အရာ အပ်နှင်းသည်။ ထို့အပြင် သီရိဘင်္ဂ လွန် မင်းကြီးသည် သိကြားမင်း ဆက်သသည့် မြတ်စွာဘုရား၏ သရီယဓာတ်တော်သုံးဆူကို သား တော်သုံးပါးတို့အား ဓာတ်တော် တစ်ဆူစီပေးသနား တော်မူ၍ စေတီ ဘုရားတည်ထားကိုး ကွယ်ရန် အမိန့် တော်မြတ် ချမှတ်တော်မူခဲ့ သည်။ သားတော်ကြီး မဟာပုဉ္စမင်း သားသည် သိန္ဓောမြင်းပျံနှင့် ရွှေကို တင်၍ ရတနာပုဉ္စတောင်စွန်း၌ စေတီတော်တည်ရာတွင် ယင်းရွှေတို့ ကို ဌာပနာခဲ့သည်။ ထိုစေတီတော်ကို ‘ရတနာပုဉ္စ’ ဟု ဘွဲ့အမည် ဆက်ကပ် တော်မူသည်။
သားတော်လတ် စူဠ ပုဉ္စမင်းသားသည် ရွှေကိုရထားနှင့် တင်၍ ဌာပနာပြုတည်ထားသော စေတီကို ‘ရထာပုဉဂ’ ဟု ဘွဲ့အမည် ဆက်ကပ်သည်။ သားတော်ငယ် သံပုဉ္စမင်းသားသည် ရွှေကိုလှည်းနှင့် အပြည့်တင်၍ဌာပနာပြီး တည်သော စေတီတော်ကို ‘သကဋာပုဉ္စာ’ဟု ဘွဲ့ အမည်ဆက်ကပ်သည်။ အကောက်တောင်ကြီးသည် ရှေးအခါက ရတနာ ၇ ပါးတို့ စုဝေး ရာဖြစ်သောကြောင့် ‘ရတနာပုဉ္စ’ တောင်ဟုခေါ်သည်။ ထိုတောင်ကြီး ၏ အနောက်ဘက်အလယ်၌ အလတ် တောင်ဟုခေါ်သော တောင်အလတ် တစ်လုံးနှင့်၊ အကောက်တောင်၏ အနောက်ဘက်၌ တောင်ငယ်ဟု ခေါ်သည့် တောင်ငယ်တစ်လုံးရှိ သည်။ ထိုတောင်သုံးလုံးပေါ်တွင် သုံးပါးတို့ စေတီများ အသီးသီးတည် ခဲ့ကြခြင်းဖြစ်သည်။ ဤသို့တည်ထားသော ရတနာ ပုဉ္စ၊ ရထာပုဉ္စနှင့် သကဋာပုဉ္စ ဘုရား သုံးဆူအနက် ရတနာပုဉ္စစေတီ တော်သည် ရွှေကိုသန္ဓောမြင်းနှင့် တင်၍ ဌာပနာခဲ့သည်ကို အကြောင်း ပြု၍ ‘ရွှေမြင်းတင်စေတီ’ဟု ခေါ်စ မှတ်ပြုလာကြသည်မှာ ယနေ့တိုင် ဖြစ်သည်။ သားတော်အလတ် တည် ထားသောစေတီတော်ကို နောင်တော် ကြီးစေတီတော်၊ သားအငယ်ဆုံးတည် ထားသော စေတီတော်ကိုနောင်တော် လေးစေတီတော်ဟု ဘွဲ့အမည်အသီး သီးဖြင့် ယခုအခါထင်ရှားနေသည်။
ပဉ္စမသင်္ဂါယနာတင် မင်းတရား ကြီးလက်ထက်တွင် မြို့ဝန်ဦးကောက် ရအား အကောက်တောင်အရပ်မှ ကုန်းလမ်းရေလမ်း လှေအစုံ အဆန် ခရီးသွားတို့ကို အခွန်ကောက်ဆက် သစေခဲ့သည်။ မြို့ဝန် ဦးကောက်ရ သည် ဤတောင်စွန်း၌ အကောက်ရုံး ဆောက်လုပ်၍ အခွန်ငွေများ ကောက်ခံခဲ့သည့် အချိန်မှစပြီး ဤ ရတနာပုဉ္စတောင်သည် အကောက် တောင်ဟု တွင်ခဲ့ခြင်းဖြစ်သည်။ ဤရတနာပုဉ္စအကောက် တောင်ပေါ်၌ ကိန်းဝပ်တော်မူလျက် ရှိသော ရွှေမြင်းတင်ခေါ် ရတနာ ပုဉ္စ စေတီကို ကရင်စုရွာဇာတိ၊ ကရင်စု ကျောင်းဆရာတော်ကြီး ဦးပုညသည် ၁၃၁၃ ခုနှစ်မှစ၍ အပင်ပန်းဆင်းရဲ ခံကာ ကြိုးပမ်းပြုပြင်သဖြင့် ၁၃၁၄ ခုနှစ်တွင် စေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူနိုင်ခဲ့သည်။ ရဟန်းသံဃာတော်များကိစ္စ ကြီး ငယ် ဆောင်ရွက် နိုင်ရန် သိမ်တစ်လုံး၊ သံဃာတော်များ တည်းခိုရန် ကျောင်း တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ ၁၃၁၆ခုနှစ် တွင် စေတီတော်မြတ်ကြီး ဖိနပ်တော်ကိုတိုးချဲ့ပြီး စေတီရံ ရှစ်ဆူနှင့် ရွှေထီးကိုးဆူကို အောင်မြင် စွာတင်လှူနိုင်ခဲ့သည်။ ၁၃၁၇ ခုနှစ်စပြီး တန်ဆောင်းနှစ်ဆောင်နှင့် ဘုရားဖူးများ တည်းခိုနိုင်ရန် ဇရပ် ကျောင်းဆောက်လုပ်ရန် အားထုတ် ဆောင်ရွက်လျက်ရှိပေသည်။ ထုံးဘိုမြစ်ဆိပ်မှ စက်လှေဖြင့် ဧရာဝတီမြစ်ကမ်းဘေးက လှပသော ရှုခင်းများဖြင့် သဘာဝကျောက်နံရံ ကြီးများတွင် ကိန်းဝပ်တော်မူလျက် ရှိသော ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတု တော်များစွာကို လှည့်လည်ဖူးမြော် ကြပြီး အကောက်တောင်တောင်ခြေ ရောက်လျှင် စက်လှေပေါ်မှ ဆင်း သက်ကာ တောင်ပေါ်တွင် ကိန်းဝပ် တော်မူလျက်ရှိသော ရွှေမြင်းတင် စေတီကို ဖူးမြော်နိုင်ရန် ပေတစ် ထောင်ကျော်၊ လှေကားထစ်ပေါင်း ၃၇၆ ထစ်ကို တက်ကြရပေမည်။
ဧရာဝတီမြစ်၏ အကောက် တောင်ရေစွယ်သည် ရေစီးသန်သဖြင့် ရှေးအခါက လှေများခက်ခက်ခဲခဲ တိုးကြိတ်ဆန်တက်ခဲ့ကြရသည်။ လှေ သူကြီးများသည် ဘုရားပွဲတည်ပြီး ကျော်လွှားနိုင်ခဲ့ကြ၍နံရံကပ်ဘုရား များအား ဖူးမြော်ကြည်ညိုဆုတောင်း ခြင်းဖြင့် အခက်အခဲများ ကျော်လွှား နိုင်သည်ဟု ယုံကြည်ကြ၍ ဖူးမြော် ကြည်ညိုသူတို့များပြားလှပေသည်။ ကမ်းခြေမှ ပေတစ်ထောင် ကျော်မြင့်ပြီး မတ်စောက်သော တောင်တော်သည် ယခုအခါ ဗုဒ္ဓ ဘာသာဝင် စေတနာရှင်တို့ သဒ္ဓါ ထက်သန်စွာ ကွန်ကရစ်လမ်းများ ခင်းခြင်း၊ စတီးလက်ရမ်းများ တပ် ဆင်လှူဒါန်းထားခြင်းကြောင့် လွန် စွာပင်ပန်းခြင်းမရှိဘဲ ရွှေမြင်းတင် စေတီတော်မြတ် ကိန်းဝပ်ရာ တောင် ပေါ်သို့ ရောက်ရှိဖူးမြော်နိုင်နေကြပြီ ဖြစ်သည်။ လှေကားအဆုံး ရင်ပြင်တော် ပေါ်ရောက်သည်နှင့် စေတီတော် မြတ်၏ တင့်တယ်သပ္ပါယ်မှု၊ သဘာ ဝသာယာမှုတို့ကြောင့် မောပန်းကြရ မည့် အစား ဝမ်းသာပီတိကြည်နူးသဒ္ဓါ ပွားများကြရပေသည်။ ရင်ပြင်တော်အဝ ဝဲဘက်တွင် ရွှေချထားသော ကျောက်ပွားတစ်ခု နှင့် ကျောက်ဖားရုပ်တုတို့ တည်ရှိနေ သည်။
‘ကျောက်ဖားရေလောင်း စီးပွားကောင်း’ဟု အဆိုယုံကြည်မှုဖြင့် ရေလောင်းဆုတောင်းကြသည့် ဘုရားဖူးများ ပြည့်နေသည်။ ရွှေထိ ရွှေပွား၊ ငွေထိငွေပွားဟူသော ယုံကြည်မှုကြောင့်လည်း ရွှေချထား သော ကျောက်ပွားတော်အိုးလေး တွင်လည်း ပါရှိသည့် ပိုက်ဆံ၊ လက် ဝတ်လက်စားတို့ဖြင့် ထိပွတ်ကြသူများ ပြားလှသည်။ စေတီတော်မြတ်၏ ဖိနပ်တော် အရပ်လေးမျက်နှာတွင် ဘုရားဖူး များအား မှတ်သားဖွယ် နှိုးဆော် စာတန်းများကို ဖတ်ရှုရ၍ သတိ တရားရရှိနိုင် ကြမည်ဖြစ်သည်။ အရှေ့ရပ်တွင် ‘အမျိုးအကျိုး အတွက် သာယာကောင်းမွန်နေသူ နောက်သို့ ကောင်းကျိုးများသာ အရိပ်ပမာရှိကြကုန်၏’။ ‘တောင် ဘက် အရပ်တွင် အမှန်တရား အ ကြောင်းကိုမသိပါက အမှန်တရား အကျိုးကို မရရှိနိုင်။ ‘အနောက်ဖက် အရပ်တွင် လောကတွင် သီလပြည့်စုံ ပါက အလုံးစုံ ပြည့်စုံပြီဖြစ်သည်။’ မြောက်ဖက် အရပ်တွင်’ လောက သုံးပါးတွင် ရဲရင့် ပြီး သတ္တိရှိသူများ သည် မိမိပိုင်ပစ္စည်း ဥစ္စာများကို စွန့်လွှတ်လှူဒါန်းလေ့ရှိကြ၏’ ဟူ၍ ဖြစ်ပေသည်။
အကောက်တောင်တစ်ဝိုက်တွင် လေ့လာကြည်ညိုဖူးမြော်နိုင်သော နေရာများမှာ သားတော် အလတ် စူဠပုဉ္စမင်းသားသည် ရွှေကို ရထားနှင့် အပြည့်တင်၍ တည်ထား ခဲ့သော ရွှေရထားတင်ဘုရား (ယခု အခါ နောင်တော်ကြီးစေတီဘွဲ့ အမည်ဆက်ကပ်ထားသည်။) သား တော်အငယ်ဆုံး သံပုဉ္စမင်းသား ရွှေ ကိုလှည်းနှင့်အပြည့်တင်၍ တည်ထား ခဲ့သော တောင်ပေါ်ရှိ ရွှေလှည်းတင် ဘုရားနေရာရှိ ယခုအခါ နောင်တော် လေးစေတီတော် ဘွဲ့အမည်တွင်သည့် စေတီတို့ကို ဖူးမြော်ကြရမည်။ ထို့အပြင် ရှေးလူကြီးများစဉ် ဆက် ပါးစပ်ရာဇဝင် ပြောခဲ့သည့် နဂါးတွင်းကို ရွှေမြင်းတင်စေတီအနီး တွင် တွေ့ရှိရမည်။
လပြည့်လကွယ် နေ့များတွင် နဂါးများသည် ဘုရား တက်ဖူးသည့် တွင်းကြီးများဟု ဆို သည်။ ရွှေမြင်းတင်စေတီတော် အနောက်ဘက်တစ်မိုင်ခန့်တွင် မင်း တုန်းမင်းကြီးလက်ထက် နေပြည် တော်မှ သိုက်ဆရာကြီး ဦးပွားသည် မနောမယပတ္တမြားလာတူးသည့် ဦးပွားသိုက်တွင်းနေရာ၊ ဦးပွားသိုက် တွင်းအနီးတွင် ဂျုံးဂျုံးကျ ရေတံခွန် ၊တောင်ထိပ်တွင် ရေကြည်များတ သွင်သွင်ထွက်ရှိနေသောကြောင့် ရှေးလူကြီးများက နတ်ရေကန်ဟု သမုတ်ခဲ့သည့် ရေကန် (ဘုရားဖူးများ သည် ဆေးအဖြစ် သောက်သုံးရန် ရေဘူးများနှင့် ခပ်ယူကြလျက် ရှိသည်။) ဆရာတော်ကြီး ဦးပညာ တရားအား ထုတ်သည့် ညောင်ကိုးပင် နေရာ ရှေးယခင်ကပင် ညောင်ပင် ၉ ပင်ရှိခဲ့သော နေရာဖြစ်ပြီး ယခု အခါ ဘုရားဖူးများ အဓိဋ္ဌာန်ညောင် ထောက်ကြလျက်ရှိ သည်။ ဤသို့ရှေးဟောင်းသမိုင်းဝင် ကြည်ညိုဖွယ် ရွှေမြင်းတင်စေတီတော် မြတ်နှင့် နံရံ ကပ်ဗုဒ္ဓဆင်းတုတော်များ စိတ်ဝင်စားဖွယ် ကောင်းလှသည့် အကောက်တောင် သို့ တစ်ခေါက် တစ်ခါ မဖြစ်မနေ အရောက်သွား ဖူးမြော်လေ့လာ သင့်ကြပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
မြတ်မင်းလှိုင်
မှီငြမ်း
အကောက်တောင် ဂေါပကအဖွဲ့၏ ၁၃၁၇ ခုနှစ်တွင် ထုတ်ဝေသော =အကောက် တောင် – ရွှေမြင်းတင် စေတီသမိုင်း အကျဉ်း ချုပ်’ နှင့် ကိုယ်တိုင်ဖူးမြော်မှတ်သားမှုများ။