Wednesday, May 13, 2026

မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက်...

​မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီ ပထမအကြိမ်လေလံတင်ရောင်းချပွဲကို မေ ၁၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။​လေလံပွဲကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ်...

ဧရာဝတီတိုင်းတွင်  မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက်...

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌...

HVDScholarship Program

EnglishVersion: In early 2026, the HVDScholarship Program marked important milestones through its 12th...

ပုသိမ်တွင် 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ...

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar...
HomeMoviesအာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ...

အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ ယူ-၁၇ လူငယ်ကစားသမားများကို MFF ဂုဏ်ပြုကျေးဇူးတင်

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ Asian Cup 2026 အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သည့် မျိုးဆက်သစ် လူငယ်ကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားထားသည်။

MFF ၏ ထုတ်ပြန်ချက်အရ အာရှအဆင့် နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲစဉ်များအထိ ရောက်ရှိလာနိုင်ရန် လူငယ်ကစားသမားများသည် ပြည်တွင်း ယူ-၁၅ ပြိုင်ပွဲများမှတစ်ဆင့် ပဏာမရွေးချယ်ခံခဲ့ရပြီး ရေရှည်လေ့ကျင့်ရေးစခန်းများ ဝင်ရောက်လေ့ကျင့်ခြင်း၊ ခက်ခဲသည့် ခြေစစ်ပွဲများကို ဖြတ်ကျော်ခြင်းနှင့် နိုင်ငံတကာခြေစမ်းပွဲများ၊ ပြိုင်ပွဲများတွင် အတွေ့အကြုံစုဆောင်းခဲ့ကြရကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည့် လူငယ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအားလုံးကို အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း MFF က ထုတ်ဖော်ပြောကြားထားသည်။

ယခုလူငယ်ကစားသမားများသည် အနာဂတ်တွင် မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက် အားကိုးအားထားပြုရမည့် အဓိကဒေါက်တိုင်များ ဖြစ်လာနိုင်ကြောင်းလည်း တိုက်တွန်းအားပေးထားသည်။

ထို့အပြင် ခြေစစ်ပွဲများမှ ဖိုင်နယ်ပွဲစဉ်များအထိ ကွင်းအတွင်း လာရောက်အားပေးခဲ့ကြသည့် ပရိသတ်များ၊ ရုပ်သံမှတစ်ဆင့် စဉ်ဆက်မပြတ်အားပေးခဲ့သူများနှင့် ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားလာစေရန် လူငယ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး၊ ပြည်တွင်းလူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေးနှင့် လူငယ်လက်ရွေးစင်အသင်းများ အောင်မြင်မှုရရှိစေမည့် စီမံချက်များကို အထူးဦးစားပေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းစကားပါးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ပထမအကြိမ်လေလံပွဲတွင် ဂရန်အင်း (၄) ခုနှင့် တင်ဒါပိုက်ချက် (၁၆) ခုရောင်းချခဲ့ 

​မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီ ပထမအကြိမ်လေလံတင်ရောင်းချပွဲကို မေ ၁၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။​လေလံပွဲကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတို့မှကြီးမှူး၍ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူးကကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့ကာ မင်းဘူးခရိုင်ရှိ မြို့နယ်အလိုက် ဂရန်အင်းနှင့် ပိုက်ချက်များကို အင်းသားကြီးများထံသို့ ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချခဲ့သည်။ ​မင်းဘူး (စကု) မြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၁၁) ခု၊ ​ပွင့်ဖြူမြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၅) ခုတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာရောင်းချပေးခဲ့သည်။ လေလံပွဲတွင်...

ဧရာဝတီတိုင်းတွင်  မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံထုတ်ချေးပေးရန် လျာထား

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ စပါးတစ်ဧက ချေးငွေနှုန်းထား တစ်သိန်းခွဲနှုန်းဖြင့် တောင်သူ (၁၄၆၀၃၇) ဦး၊ ဧက (၁၀၀၅၆၇၃) အတွက် ချေးငွေကျပ် (၁၅၀ဒသမ၈၅၀) ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်ထား ကျပ်သုံးသိန်းနှုန်းဖြင့် လျာထားဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံကို...

HVDScholarship Program

EnglishVersion: In early 2026, the HVDScholarship Program marked important milestones through its 12th AwardingCeremony in March and 10th Graduation Ceremony in April. In addition, PTTEPMyanmar Asset received the Platinum Award for Excellence in Literacy &Education at the Global CSR...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071