Wednesday, May 13, 2026

ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း နေရာကွက်၍...

မန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (၅)...

ဧရာဝတီတိုင်းတွင်  မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက်...

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌...

High Vocational Diploma Scholarship...

The High Vocational Diploma (HVD) Scholarship Program, initiated in 2013 by Thailand’s PTT...
HomeNewsLocal Newsမင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ်...

မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ပထမအကြိမ်လေလံပွဲတွင် ဂရန်အင်း (၄) ခုနှင့် တင်ဒါပိုက်ချက် (၁၆) ခုရောင်းချခဲ့ 

​မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီ ပထမအကြိမ်လေလံတင်ရောင်းချပွဲကို မေ ၁၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

လေလံပွဲကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတို့မှကြီးမှူး၍ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူးကကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့ကာ မင်းဘူးခရိုင်ရှိ မြို့နယ်အလိုက် ဂရန်အင်းနှင့် ပိုက်ချက်များကို အင်းသားကြီးများထံသို့ ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချခဲ့သည်။

​မင်းဘူး (စကု) မြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၁၁) ခု၊ ​ပွင့်ဖြူမြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၅) ခုတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာရောင်းချပေးခဲ့သည်။

လေလံပွဲတွင် တာဝန်ရှိသူများက အင်းလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ထားသောစည်းကမ်းချက်များလိုက်နာရန်၊ ငါးမျိုးပြုန်းတီးမှုမရှိစေရန်နှင့် ငါးလုပ်ငန်းဥပဒေများကို လေးစားလိုက်နာရန်တို့ကိုမှာ ကြားခဲ့သည်။

​ယခုကဲ့သို့ ငါးလုပ်ငန်းရာသီသစ်အတွက် လေလံပွဲများကို စနစ်တကျကျင်းပခြင်းသည် ဒေသတွင်းစီးပွားရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကာ ဈေးပြိုင်စနစ်ဖြင့်လေလံတင်ခြင်းသည် နိုင်ငံတော်အတွက် ထိုက်သင့်သော အခွန်ဘဏ္ဍာများရရှိစေသည့်အပြင် ရေလုပ်ငန်းလုပ်ကိုင်သူများကြား တရားမျှတသည့် ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေသည်။

မင်းဘူးခရိုင်ရှိ မြစ်ချောင်း၊ အင်းအိုင်များမှ စနစ်တကျ ငါးဖမ်းဆီးထုတ်လုပ်နိုင်ခြင်းက ဒေသတွင်း ငါးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီး ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုစေသည့်အပြင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လေလံပေးခြင်းဖြစ်၍ သတ်မှတ်ထားသော ငါးဖမ်းရာသီနှင့် ကိရိယာများကိုအသုံးပြုစေခြင်းဖြင့် ငါးသယံဇာတများရေရှည်တည်တံ့အောင် ထိန်းသိမ်းရာရောက်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ မိုးဇလ၏ခန့်မှန်းချကိအရ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးမည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်...

မန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (၅) ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများတွင် ပင်လယ်မိုင်းမောကုန်းအမှတ် (၂၂) အား ထိန်းသိမ်းရန် အမိုးအကာဆောက်လုပ်ခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်ရှိ လိုအပ်သည့် လျှောက်လမ်းနေရာများတွင် ပေအုတ်ခင်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်တိုင်များအား မြန်မာမှုလက်ရာ ယွန်းကြိုးထိုးခြင်း၊ မန္တလေးနန်းမြို့ရိုးအတွင်းရှိ စွယ်တော်စင်နှင့် ပဟိုရ်စင်တို့အား ပြုပြင်ထိန်းသိမ်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။ တင်ဒါလျှောက်လွှာများကို ၂၀၂၆ ခုနှစ် မေ (၁၁)...

ဧရာဝတီတိုင်းတွင်  မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံထုတ်ချေးပေးရန် လျာထား

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ စပါးတစ်ဧက ချေးငွေနှုန်းထား တစ်သိန်းခွဲနှုန်းဖြင့် တောင်သူ (၁၄၆၀၃၇) ဦး၊ ဧက (၁၀၀၅၆၇၃) အတွက် ချေးငွေကျပ် (၁၅၀ဒသမ၈၅၀) ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်ထား ကျပ်သုံးသိန်းနှုန်းဖြင့် လျာထားဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071