အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၁ ရက်တွင်ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအ စည်းဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ်ပါ အချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားအချက်များကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
လူမှုကွန်ယက်တွင်ဖော်ပြထားသည့် မှားယင်းသော သ တင်းအချက်အလက်များကိုအခြေခံပြီး မိမိတို့အပေါ် ဖိအားပေးလုပ်ဆောင်နေခြင်းများရှိပြီး အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများကပြင်ဆင်လိုကြသည်များလည်းရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။