Tuesday, April 21, 2026

အရှေ့အလယ်ပိုင်းသွားမည့်လုပ်သားများကို နီပေါက ပါမစ် ပြန်ထုတ်ပေး

နီပေါနိုင်ငံသည် ဒေသတွင်း ပဋိပက္ခကြောင့် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခဲ့အပြီး ရက်သတ္တခြောက်ပတ်အကြာတွင် ၎င်း၏ နိုင်ငံသားများအတွက် အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ရန် ခွင့်ပြုချက်များကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း အရာရှိတစ်ဦးက...

ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်အောင်ဆောင်ရွက်ပေးကြောင်း လိမ်လည်ငွေတောင်းနေကြ

       ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်စေရမည်ဟု ကတိပြုကာ ခရစ်တိုငွေကြေးတောင်းခံသည့် လိမ်ညာလှည့်ဖြားသည့်စာများကို ရေလမ်းကြောင်း၏ အနောက်ဘက်တွင် ပိတ်မိလျက်ရှိသော သင်္ဘောများ၏ သက်ဆိုင်ရာကုမ္ပဏီအချို့ထံ ပေးပို့မှုများရှိနေကြောင်း ဂရိရေကြောင်းအန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ Marisks...

တရုတ်၌ဓာတ်ပေါင်းဖို ၅၀ အထိ တပြိုင်တည်းတည်ဆောက်နိုင်ပြီဖြစ်

ဧပြီလ ၂၁ ရက် တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို...

ရေလက်ကြားပိတ်ဆို့မှုက အာဆီယံစီးပွားရေးကျပ်တည်း‌စေနိုင်

ဧပြီလ ၂၁ ရက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာဆီယံနိုင်ငံတိုင်းကို ထိခိုက်နေပြီး ကပ်ဆိုက်ခါ နီးနေပြီဖြစ်ကြောင်း မလေးရှားစူလ်တန် နာဇရင် ရှား က ဆိုသည်။ စူလတန်က...
HomeMoviesရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်အောင်ဆောင်ရွက်ပေးကြောင်း လိမ်လည်ငွေတောင်းနေကြ       ဟော်မုဇ်ရေလက်ကြားကို...

ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်အောင်ဆောင်ရွက်ပေးကြောင်း လိမ်လည်ငွေတောင်းနေကြ       ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်စေရမည်ဟု ကတိပြုကာ ခရစ်တိုငွေကြေးတောင်းခံသည့် လိမ်ညာလှည့်ဖြားသည့်စာများကို ရေလမ်းကြောင်း၏ အနောက်ဘက်တွင် ပိတ်မိလျက်ရှိသော သင်္ဘောများ၏ သက်ဆိုင်ရာကုမ္ပဏီအချို့ထံ ပေးပို့မှုများရှိနေကြောင်း ဂရိရေကြောင်းအန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ Marisks က ပြောကြားခဲ့သည်။      အမေရိကသည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်သည်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲမဖြစ်ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ဆောင်ရာ ဟော်မုဇ်ရေလက်ကြားကို တကျော့ပြန် ပိတ်ဆို့ထားခဲ့သည်။       ရေလက်ကြား၏ ဝင်ထွက်ပေါက်ကို ထိန်းချုပ်ထားသော အီရန်သည် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အခွန်ကောက်ခံမည်ဟု အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် အဆိုပြုထားသည်။       မည်သူမည်ဝါမှန်း မသိရသူများက အီရန်အာဏာပိုင်များကို ကိုယ်စားပြုသည်ဆိုကာ လမ်းကြောင်းရှင်းလင်းမှုအတွက် ရေလက်ကြားဖြတ်သန်းခများတောင်းခံသည့်စာကို သင်္ဘောကုမ္ပဏီများထံ ပေးပို့ခဲ့သည်ဟု Marisks က ဧပြီ ၂၁ ရက်တွင် သင်္ဘောပိုင်ရှင်များထံ သတိပေးချက် ထုတ်ပြန်ခဲ့သည်။     ထိုစာများသည် လိမ်လည်မှုသာဖြစ်ကြောင်းနှင့် စာသည် အီရန်အာဏာပိုင်များထံမှ ပေးပို့ခြင်းမဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။      ယင်းနှင့်ပတ်သက်၍ တေရန်က လတ်တလောတွင် မှတ်ချက်မပေးသေးပေ။       သင်္ဘောရာပေါင်းများစွာနှင့် သင်္ဘောသား ၂၀,၀၀၀ ခန့်သည် ပင်လယ်ကွေ့တွင် ပိတ်မိနေဆဲဖြစ်သည်။       ဧပြီလ ၁၈ ရက် နေ့တွင် အီရန်က စစ်ဆေးမှုများဖြင့် ရေလက်ကြားကို ခေတ္တဖွင့်ပေးခဲ့ချိန်တွင် သင်္ဘောများဖြတ်သန်းရန် ကြိုးစားခဲ့သော်လည်း ရေနံတင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်းသည် အီရန်သင်္ဘောများ၏ ပစ်ခတ်ခြင်းခံခဲ့ရကာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။        ယင်းနေ့က ရေလက်ကြားမှ ထွက်ခွာရန် ကြိုးပမ်းစဉ် သေနတ်ပစ်ခံခဲ့ရသော သင်္ဘောများထဲမှ အနည်းဆုံးတစ်စင်းသည် လိမ်လည်မှု၏ သားကောင်ဖြစ်ခဲ့သည်ဟု Marisks က ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့အလယ်ပိုင်းသွားမည့်လုပ်သားများကို နီပေါက ပါမစ် ပြန်ထုတ်ပေး

နီပေါနိုင်ငံသည် ဒေသတွင်း ပဋိပက္ခကြောင့် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခဲ့အပြီး ရက်သတ္တခြောက်ပတ်အကြာတွင် ၎င်း၏ နိုင်ငံသားများအတွက် အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ရန် ခွင့်ပြုချက်များကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း အရာရှိတစ်ဦးက ဧပြီလ၂၁ ရက် နေ့တွင် ပြောကြားခဲ့သည်။       ပြည်ပရောက် နီပေါလုပ်သားအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်သည် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြပြီး အလုပ်သမားများထံမှ ပြန်ပို့ငွေများသည် ငွေကြေးချို့တဲ့သော ဟိမဝန္တာဒေသနိုင်ငံ၏ ဒေါ်လာ ၄၂ ဘီလျံတန်စီးပွားရေးတွင် လေးပုံတစ်ပုံကျော်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။         ခွင့်ပြုချက်ပြန်လည်ထုတ်ပေးခြင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံညဏ်နှင့် အလုပ်သမားထံမှ မြင့်မားသော တောင်းဆိုမှုများအရဖြစ်သည်ဟု...

ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်အောင်ဆောင်ရွက်ပေးကြောင်း လိမ်လည်ငွေတောင်းနေကြ

       ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်စေရမည်ဟု ကတိပြုကာ ခရစ်တိုငွေကြေးတောင်းခံသည့် လိမ်ညာလှည့်ဖြားသည့်စာများကို ရေလမ်းကြောင်း၏ အနောက်ဘက်တွင် ပိတ်မိလျက်ရှိသော သင်္ဘောများ၏ သက်ဆိုင်ရာကုမ္ပဏီအချို့ထံ ပေးပို့မှုများရှိနေကြောင်း ဂရိရေကြောင်းအန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ Marisks က ပြောကြားခဲ့သည်။      အမေရိကသည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်သည်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲမဖြစ်ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ဆောင်ရာ ဟော်မုဇ်ရေလက်ကြားကို တကျော့ပြန် ပိတ်ဆို့ထားခဲ့သည်။       ရေလက်ကြား၏ ဝင်ထွက်ပေါက်ကို ထိန်းချုပ်ထားသော အီရန်သည် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အခွန်ကောက်ခံမည်ဟု အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် အဆိုပြုထားသည်။       မည်သူမည်ဝါမှန်း မသိရသူများက အီရန်အာဏာပိုင်များကို ကိုယ်စားပြုသည်ဆိုကာ လမ်းကြောင်းရှင်းလင်းမှုအတွက်...

တရုတ်၌ဓာတ်ပေါင်းဖို ၅၀ အထိ တပြိုင်တည်းတည်ဆောက်နိုင်ပြီဖြစ်

ဧပြီလ ၂၁ ရက် တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို အလုံး ၅၀ အထိ ကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သောကြာနေ့က တရုတ်နျူကလီးယားစွမ်းအင်အသင်း (စီအန်အီးအေ) က ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ဒီဇိုင်း ပုံထုတ်ရေးဆွဲခြင်းမှ တည်ဆောက်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ဓာတ်ပေါင်းဖို ဒါဇင်ပေါင်းများစွာအတွက် တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။ "တရုတ်နိုင်ငံရဲ့ နျူကလီးယားနည်းပညာ စွမ်းဆောင်ရည်ဟာ 'နောက်ကလိုက်' တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071