Friday, July 17, 2026

YRTC က City Taxi...

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊...

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့်...

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD...

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို...
HomeNewsLocal Newsအာဆီယံအထူးကိုယ်စားလှယ် လာဇာရို မြန်မာသို့လာရောက်ရန်ရှိ

အာဆီယံအထူးကိုယ်စားလှယ် လာဇာရို မြန်မာသို့လာရောက်ရန်ရှိ

မနီလာ၊ ဇူလိုင် ၁၄ ရက်

အာဆီယံ (ASEAN) အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို သည် ၂၀၂၆ ခုနှစ် အနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်တစ်ခုကို ဦးဆောင်သွားရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးရန်အတွက် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာ့အရေး သက်ဆိုင်သူများနှင့် လာဇာရိုတို့  ဆက်တိုက်တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

DFA ၏ သတင်း ထုတ်ပြန်ချက်တွင် လာဇာရိုအနေဖြင့် ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း အဆိုပါမစ်ရှင်ကို “ဦးဆောင်ရန် ကတိပြုခဲ့သည်” ဟု ဖော်ပြထားပြီး၊ ယင်းအဆိုပြုချက်သည် “သက်ဆိုင်သူအားလုံး၏ ထောက်ခံမှုကို ရရှိခဲ့သည်” ဟု ဖြည့်စွက်ဖော်ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယခုမစ်ရှင်သည် မြန်မာနိုင်ငံအတွင်း “အကူအညီလိုအပ်နေသော ဒေသများသို့ လက်လှမ်းမီမှု ပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်သည်” ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၂ ရက် နေ့က လာဇာရိုသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံကာ ဘုံသဘောတူညီချက် ၅ ချက် (5PC) အကောင်အထည်ဖော်မှုနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် အာဆီယံက မည်သို့ကူညီပေးနိုင်မည်နည်းဟူသော ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် သူ သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဦးတင်မောင်ဆွေတို့အကြား ပြုလုပ်သည့် အလွတ်သဘောအစည်းအဝေးကိုလည်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဦးတင်မောင်ဆွေက မြန်မာနိုင်ငံ၏ နောက်ဆုံးတိုးတက်ပြောင်းလဲမှုများ၊ 5PC အောက်ရှိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် ၎င်းတို့အစိုးရ၏ ကြိုးပမ်းမှုများ၊ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းမည့် လုပ်ဆောင်ချက်များကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာ့အရေးကို ဖြေရှင်းရာတွင် 5PC သည် အဓိကသော့ချက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် လာဇာရိုက “မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

ယခုအစည်းအဝေးသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် တက်ရောက်သည့် ထိတွေ့ဆက်ဆံမှု ဖြစ်သည်။

သီးခြား သတင်းထုတ်ပြန်ချက်တစ်ခုတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုတွေ့ဆုံမှုသည် ယုံကြည်မှုတည်ဆောက်ရန်နှင့် နှစ်ဦးနှစ်ဖက်အကြား “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” အတွက် အခြေအနေများကို ဖန်တီးပေးနိုင်ရန် “အာဆီယံနှင့် မြန်မာနိုင်ငံအကြား တို-က်ရို-က်ထိတွေ့ဆက်ဆံမှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်ကြောင်း” ကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့ ဘုံသဘောတူညီချက် တည်ဆောက်မှုတွေကတစ်ဆင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိအောင် ကူညီပေးမယ့် မျှော်မှန်းချက်မှာ တစ်သားတည်း ရှိနေပါတယ်။ ဒီအစည်းအဝေးဟာ စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်ရဲ့ အစပြုမှုဖြစ်ပြီးညရှေ့ဆက်လုပ်ဆောင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေအပေါ် ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အာဆီယံက မျှော်လင့်ပါတယ်” ဟု ဖော်ပြထားသည်။

ဇူလိုင်လ ၁၃ ရက် နေ့တွင် လာဇာရိုသည် မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် တွေ့ဆုံခဲ့ပြီး “မြန်မာနိုင်ငံရှိ အဖွဲအစည်းများအကြား အားလုံးပါဝင်နိုင်သော နိုင်ငံတော်အဆင့် နိုင်ငံရေးဆွေးနွေးပွဲ” သို့ တိုးမြှင့်ဖော်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

“ဘက်ပေါင်းစုံက ဆွေးနွေးပွဲလုပ်ငန်းစဉ်အပေါ် ပွင့်လင်းမှုရှိကြောင်း ပြသခဲ့ကြပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ ပါဝင်ပတ်သက်သူအားလုံး သေချာစွာ ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ကြပါတယ်” ဟု DFA က ပြောကြားခဲ့သည်။

Ref: ပီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ "City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း"City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Campaign အတွင်း City Taxi (၂,၀၀၀)စီးခန့်အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးခြင်း၊...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အ မျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က သွားရောက်စစ်ဆေးစဉ် ၎င်းစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071