ယနေ့ ဩဂုတ် (၇)ရက် ညနေ (၄)နာရီအချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် ဩစတြေးလျ ယူ -၂၃ အ မျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်တွင် (၂) ဂိုး (၁)ဂိုးဖြင့် အုပ်စုအဖွင့် ပွဲစဉ်အနိုင်ရခဲ့ပြီဖြစ်သည်။
ယနေ့ ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ ဩစတြေးလျ ယူ – ၂၃ အမျိုးသမီးအသင်းကို အရပ်အမောင်းကွာခြားသည့်ကြားမှ တွန်းတွန်းတိုက်တိုက် ကစားခဲ့ရသည်ကိုတွေ့ရှိရသ ည်။
ပထမပိုင်းပွဲချိန် (၃၂) မိနစ်တွင် မေသက်မွန်မြင့်က အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သလို ဒုတိယပိုင်းပွဲချိန် (၄၇) မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက (၁)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက်အသင်းက ပွဲချိန် (၈၄)မိနစ်တွင် Woodgate Furp hy ဆိုသူ ကစားသမားက ချေပဂိုး (၁)ဂိုးသွင်းယူခဲ့သည်။
ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို အဖွင့်ဂိုးသွင်းယူခဲ့သည့် မြန်မာအသင်းနောက်ခံလူ မေသက်မွန်မြင့်က ရရှိခဲ့သည်။
အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံတွင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဩဂုတ် (၁၀)ရက်တွင် တီမော၊ ဩဂုတ်(၁၃)ရက်တွင် ဖိလစ်ပိုင်အသ င်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားကြရမည်ဖြစ်သ ည်။
