Friday, July 17, 2026

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊...

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့်...

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD...

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...
HomeNewsLocal Newsဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည်...

ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည် ဆိပ်ကမ်းတည်ဆောက်ပေးရန် လွှတ်တော်တွင် မေးမြန်း

ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အစီအစဉ်မရှိသေးကြောင်းနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဆို

နေပြည်တော်၊ ဇူလိုင်-၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို လွှတ်တော် အစည်းဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ထွန်းက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ အစည်းဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စက်သုံးဆီများကို ရေယာဉ်များဖြင့်သယ်ယူကြပြီး စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည့် စနစ်ကျသောဆိပ်ကမ်း၊ တစ်နည်းအားဖြင့် ဆီချဆိပ်ကမ်း (Oil Jetty)များ မရှိခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖလှယ်ချယူနေခြင်းဖြစ်ကြောင်းလည်း မေးခွန်းမေးမြန်းချိန်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်နေခြင်းများကြောင့် စက်သုံးဆီများ မြစ်ရေသို့ဖိတ်စင်ပြီး ရေထုညစ်ညမ်းခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းနှင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ရကြောင်းလည်း ဦးကျော်ဇင်ထွန်းက ထောက်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင်လည်း စက်သုံးဆီတင်မော်တော်ယာဉ်များ မီးလေ-ာင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ပြီး ဧပြီလတွင်လည်း အလားတူ မီးလေ-ာင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အပြင် မြို့ပြပြည်သူများမှာလည်း အထိတ်တလန့်ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်များမှာ စနစ်ကျသော ဆိပ်ကမ်းမရှိခြင်းကြောင့် ကုန်တင်ကုန်ချမှု (Systematic unloading) အားနည်းခြင်း၊ အချိန်ကြန့်ကြာခြင်းနှင့် လုပ်အားခပိုမိုပေးဆောင်ရခြင်းအပြင် မလိုလားအပ်သော မီးဘေးအန္တရာယ်ကျရောက်မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဦးကျော်ဇင်ထွန်းက မေးခွန်းမေးမြန်းချိန်တွင် ထည့်သွင်းထောက်ပြထားသည်။

ထိုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းထားခြင်းလည်း ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူက အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဟုမ္မလင်းမြို့တွင် ဆီတင်ချ အပါအဝင် စံချိန်မီဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) အသေးစိတ်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ(Technical)အရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ၊ ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မှု (Cost and Benefit) သုံးသပ်တွက်ချက်ရန် လိုအပ်ခြင်း၊ ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရန်ကုန်ကျစရိတ်များပြားလွန်းသဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်၍ ဆောင်ရွက်ရခြင်းတို့ကြောင့် ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အခြေအနေအရ အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားထားသည်။

သို့သော် “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတား တည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက စိစစ်၍ဆောင်ရွက်ပေးသွားမည်” ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးထွန်းလူက ဖြေကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဆိပ်ကမ်းများအနေဖြင့် ဧရာဝတီမြစ်၌ မြင်းမူ၊ စစ်ကိုင်း၊ မင်းကွန်း၊ မောင်းကုန်း၊ ထီးချိုင့်၊ ကသာဆိပ်ကမ်း ၆ ခုနှင့် ချင်းတွင်းမြစ်၌ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးဆိပ်ကမ်း ၈ ခုရှိပြီး စုစုပေါင်း ဆိပ်ကမ်း ၁၄ ခု ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အ မျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က သွားရောက်စစ်ဆေးစဉ် ၎င်းစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်...

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ​အဲဒီအစား ကျောင်းသားတွေကို တကယ်ထိတွေ့လို့ရတဲ့ လက်တွေ့ကမ္ဘာက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071