Home News Local News ဟားခါးမြို့‌နေပြည်သူနှင့် နေရပ်ရှောင်ပြည်သူများကို အခမဲ့ကွင်းဆင်းဆေးကုသပေး

ဟားခါးမြို့‌နေပြည်သူနှင့် နေရပ်ရှောင်ပြည်သူများကို အခမဲ့ကွင်းဆင်းဆေးကုသပေး

0
82

ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ယင်းသည် နိုင်ငံတော်၏ ပြည်သူ့အကျိုး ပြုဆောင်ရွက်ချက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး အထူးကုဆရာဝန် (ဆေးပညာ)၊ အထူးကုဆရာဝန် (ခွဲစိတ်)၊ အထူးကုဆရာဝန် (သားဖွား/မီးယပ်)၊ အထူးကုဆရာဝန် (အရိုး/အကြော) နှင့် အထူးကုဆရာဝန် (ကလေး) တို့က ကွင်းဆင်းကုသပေးနေခြင်းလည်းဖြစ်သည်။

အခမဲ့ကွင်းဆင်းဆေးကုသပေးသည့် နေရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုနှင့်  ကျန်းမာရေးစစ်ဆေးမှုခံယူနေသည့် နေရပ်ရှောင်ပြည်သူများအားတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here