လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ အသီးသီး ဆိုက်ရောက်လာပြီးနောက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်း လျှပ်စစ်မော်တော်ယာဉ် (EV) ကားများကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ်များအနက် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ယာဉ် ၁၅ စီးကို ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ သီလဝါဆိပ်ကမ်းရှိ ယာဉ် ၂ စီးကို ဇွန်လ ၃၀ ရက်နေ့နှင့် ကျန် ၃ စီးကို ဇူလိုင်လ ၁ ရက်နေ့တွင်လည်းကောင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
တင်သွင်းလာသည့် EV ယာဉ်များကို ဇူလိုင်လ ၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စစ်ဆေးထုတ်ပေးခဲ့ပြီး၊ ၎င်းတင်သွင်းမှုများအတွက် သတ်မှတ်အခွန်အခများ ကောက်ခံထားရှိပြီးဖြစ်ကြောင်း သိရသည်။