Tuesday, July 7, 2026

အာဆီယံစောင့်ကြည့်ရေးအဖွဲ့ကကမ္ဘောဒီးယား-ထိုင်းနယ်စပ်ကိုစစ်ဆေး

အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) သည် မြေပြင်အခြေအနေများကို စစ်ဆေးအတည်ပြုရန်အတွက် ဘက်တမ်ဘန်းပြည်နယ်ရှိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတစ်ခုသို့ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ...

ဒူးရင်းဈေးကျ၍တရုတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းပေးမည်–အန်ဝါ

ဒူးရင်းဈေးကျဆင်းနေမှုအတွက် နောက်လ ပေကျင်းခရီးစဉ်အတွင်း မိတ်ဆွေကောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းကို သူ တင်ပြပေးမည်ဖြစ်ကြောင်း ဂျိုဟိုးပြည်နယ်ရှိ ဒူးရင်းစိုက်တောင်သူများကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က...

ဘရာမို့စ်ဒုံးကျည်စာချုပ် အိန္ဒိယနှင့် အင်ဒိုနီးရှား တို့...

အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည် ဘရာမို့စ်ဒုံးကျည်စနစ်အတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ အစည်းအဝေးအပြီး အင်္ဂါနေ့တွင် အင်ဒိုနီးရှားသမ္မတအိမ်တော်က ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း...

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန်...

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည်...
HomeMoviesသီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆...

သီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံး

သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။

မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂ မိုင်အကွာရှိ နီဂွမ်ဘိုအကျဉ်းထောင်တွင် တနင်္ဂနွေနေ့မှစ၍ ပြိုင်ဘက် အကျဉ်းသားအုပ်စုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ပိုမိုဆိုးရွားသွားခဲ့ကြောင်း ဒေသခံမီဒီယာများနှင့် ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

နှစ်ကြီးအကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် တနင်္ဂနွေနေ့တွင် အကျဉ်းသားနှစ်ဦး ‌ေ-သဆုံးခဲ့သည်။

ပဋိပက္ခအခြေအနေ ပိုဆိုးလာသော တနင်္လာနေ့တွင် ထောင်အရာရှိ ခြောက်ဦး အပါအဝင် လူ ၂၃ ဦး ‌ေ-သဆုံးခဲ့သည်။

‘အကျဉ်းသားတွေကို မနက်စာကျွေးနေချိန်မှာ ရန်ပွဲဖြစ်ခဲ့တာပါ” ဟု အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယက်က အကျဉ်းထောင်အနီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု ဂါဂျာနာယက်က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ဘဲ စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ဆိုခဲ့သည်။

ဆေးရုံသည် ရုပ်အလောင်း ၂၃ လောင်းကို လက်ခံရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ အကျဉ်းသားများနှင့် အစောင့် စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားကြောင်း နီဂွမ်ဘိုဆေးရုံ၏ ညွှန်ကြားရေးမှူး ပွတ်ရှ်ပါ ဂမ်လက်က ပြောကြားခဲ့သည်။

“တချို့က သေနတ်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်။ ပိုပြင်းတဲ့ ဒဏ်ရာရရှိသူတွေထဲက ၁၈ ဦးကိုတော့ ကိုလံဘို နိုင်ငံတော်ဆေးရုံကို လွှဲပေးခဲ့ပါတယ်” ဟု ဂမ်လက်က ပြောကြားခဲ့သည်။

ဆူပူအုံကြွမှုသတင်း ပျံ့နှံ့သွားခဲ့မှုကြောင့် အနီးရှိ အကျဉ်းထောင်မှ အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ထောင်အဆောက်အအုံ အမိုးပေါ်သို့တက်ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ဒရုန်များကို လွှတ်ကာ အကျဉ်းထောင်ကို စောင့်ကြည့်စေခဲ့သည်။

“ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ စစ်တပ်ကို တောင်းဆိုထားပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အသင့်အနေအထားမှာပဲ ထားရှိပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပမ ဝါရူနာ ဂါမက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံစောင့်ကြည့်ရေးအဖွဲ့ကကမ္ဘောဒီးယား-ထိုင်းနယ်စပ်ကိုစစ်ဆေး

အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) သည် မြေပြင်အခြေအနေများကို စစ်ဆေးအတည်ပြုရန်အတွက် ဘက်တမ်ဘန်းပြည်နယ်ရှိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတစ်ခုသို့ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပေါင်းစပ်ညှိနှိုင်းရေး ဆက်သွယ်ပြန်ကြားရေးအဖွဲ့သည် ထိုင်းဘက်သို့ ကြိုတင်အကြောင်းကြားပြီးနောက် ဒေသခံအာဏာပိုင်များ၏ ပါဝင်မှုဖြင့် ယခုခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) ၏ သံတမန်မစ်ရှင်အကြီးအကဲ ဦးဆောင်သော အဆိုပါအဖွဲ့သည် ကမ်ရင်ခရိုင်အတွင်းရှိ နယ်စပ်မှတ်တိုင်အမှတ် ၅၂ နှင့် ၅၉ အကြား နယ်မြေကို စစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင်...

ဒူးရင်းဈေးကျ၍တရုတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းပေးမည်–အန်ဝါ

ဒူးရင်းဈေးကျဆင်းနေမှုအတွက် နောက်လ ပေကျင်းခရီးစဉ်အတွင်း မိတ်ဆွေကောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းကို သူ တင်ပြပေးမည်ဖြစ်ကြောင်း ဂျိုဟိုးပြည်နယ်ရှိ ဒူးရင်းစိုက်တောင်သူများကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ကတိပြုခဲ့သည်။ နိုင်ငံတစ်ဝန်း ဒူးရင်းသီးအလျှံပယ်ဖြစ်နေခြင်းကြောင့် တောင်သူများအနေဖြင့် အနံ့ပြင်းအသီးများကို ရေရှည်တည်တံ့သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် ရုန်းကန်နေရသည်။ စနေနေ့တွင် ပြည်နယ်ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေသော ဂျိုဟိုးပြည်နယ်သို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် ပြောကြားခဲ့ရာ၌ သူ၏ တောင်ပိုင်းပြည်နယ်တစ်ဝန်း နှစ်ရက်ကြာခရီးစဉ်အတွင်း တောင်သူများက မလေးရှားကျွန်းဆွယ်တစ်ဝန်းတွင် ဒူးရင်းခူးဆွတ်ချိန် ဈေးကွက်အတွင်း ဗုံးဗလအောဝင်လာမှုကြောင့် ဒူးရင်းသီးများကို ဈေးပေါပေါဖြင့် ရောင်းချနေသည်ဟု ညည်းညူခဲ့ ကြကြောင်း...

ဘရာမို့စ်ဒုံးကျည်စာချုပ် အိန္ဒိယနှင့် အင်ဒိုနီးရှား တို့ လက်မှတ်ရေးထိုး

အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည် ဘရာမို့စ်ဒုံးကျည်စနစ်အတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ အစည်းအဝေးအပြီး အင်္ဂါနေ့တွင် အင်ဒိုနီးရှားသမ္မတအိမ်တော်က ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ၎င်း၏ အရှေ့တောင်အာရှနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် နှစ်ရက်ကြာရောက်ရှိနေစဉ် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယ-ရုရှား ဒုံးကျည်ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်း ဘရာမို့စ်နှင့် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနတို့သည် ဘရာမို့စ်ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျကာတာက အသေးစိတ်အချက်အလက်များ မပါဝင်ဘဲသတင်း ထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယသည် ဘရာမို့စ်ဒုံးကျည်စနစ်နှင့် အက်စ်ထရာ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ကို အင်ဒိုနီးရှားသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071