Myanmar Women’s League 2026-27 Week-4 ပွဲစဉ်ကောင်းဖြစ်သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ယမန်နေ့က ပဒုမ္မာကွင်း၌ကျင်းပခဲ့သည့်ပွဲစဉ်တဥ် ISPE FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အ နိုင် ရရှိသွားခဲ့ခြင်းဖြစ်သည်။
ပွဲစတင်တည်းက နှစ်သင်းစလုံးအနိုင်ရရှိရေး ဦးတည်ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန်ကြာလာသည်နှင့်အတူ ISPE FC အသင်းက ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့သည်ကို တွေ့ရသည်။
အရန်လူအင်အား သာလွန်မှုက ISPE FC အတွက် ခွန်အားတရပ်ဖြစ်ခဲ့ပြီး အနိုင်ဂိုးများကို လင်းမြင့်မိုရ်နှင့် မိမိဇင်တို့က ၁၅ မိနစ်၊ ၄၀ မိနစ်တို့တွင် အသီးသီး သွင်းယူပေးခဲ့သည်။
ပွဲအနိုင်ရလဒ်ကြောင့် ISPE FC အသင်းအနေဖြင့်ရမှတ် (၁၂) မှတ်နှင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ထားနိုင်ခဲ့သည်။
