Friday, May 1, 2026

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင်...

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...
HomeNewsLocal Newsလက်ရှိ တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင်...

လက်ရှိ တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် (၇,၆၀၀)ကျော်ဖြင့် လုပ်ငန်းဆောင်ရွက်နေ

မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြေဩဇာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင်လက်မှတ်ပေါင်း (၁၂,၇၄၁) စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း မှတ်ပုံတင်သက်တမ်းကျော်လွန်၍ ဖျ-က်သိ-မ်းခြင်း၊ ကာယကံရှင်များ၏တင်ပြချက်အရ ပယ်ဖျ-က်ခြင်းများဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိတွင် တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် (၇,၆၂၃) စောင်ဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြေဩဇာကော်မတီ၏ (၄၅) ကြိမ်မြောက်အစည်းဝေးအရ သိရသည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက်အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မြေဩဇာများကို အချိန်နှင့်တပြေးညီသုံးစွဲနိုင်ရန် မြေဩဇာမှတ်ပုံတင်ခြင်းအား မြေဩဇာကော်မတီက (၃) လတစ်ကြိမ် အစည်းအဝေးကျင်းပဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနှင့်မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်မြေဩဇာအရည်အသွေး မှန်ကန်မှုရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးမှူးများက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်နေကြောင်းလည်း  မြေဩဇာကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားထားသည်။

သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခို-က်ခဲ့ရသည့် သီးနှံစိုက်ခင်းဧရိယာများကို သွင်းအားစုများဖြင့် အချိန်မီပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုခြင်းအပြင် မြေနမူနာဓာတ်ခွဲစစ်ဆေးချက် အပေါ်မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၌ သီးနှံအလိုက်ထည့်သွင်းရမည့် မြေဩဇာထောက်ခံနှုန်းထားများပေးခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရေးအတွက် တောင်သူများအား နည်းပညာပေးခြင်းလုပ်ငန်းများအပြင် ဝန်ထမ်းများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်သင်ကြားမည်

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအကြား ဘောလုံးအားကစား အခြေခံကျွမ်းကျင်မှုများ ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ယခုလ မေလ (၄) ရက်မှ စတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။ စီမံခန့်ခွဲမှုနှင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး "ထူးမခြားနား" သီချင်းကို မြန်မာ့စောင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ သင်္ဂါယနာအမေးအဖြေနှင့် ဩဝါဒကထာများ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေ ပြုလုပ်ပူဇော်ခဲ့ကြပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင် ရွတ်ဆိုခဲ့ကြသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071