Saturday, April 25, 2026

အသက် ၁၈ နှစ်မှ ၂၅...

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင်...

တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း...

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ...

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...
HomeMoviesရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျပ် ၁၆...

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျပ် ၁၆ ဘီလီယံ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ကားတစ်စီးဖမ်းမိ

ရှမ်းပြည်နယ် တောင်ပိုင်း၊လွိုင်လင်မြို့ နေမင်းရောင်တိုးဂိတ် ၌ ဧပြီ ၂၀ ရက်ညပိုင်းက မူးယစ်ဆေးဝါး နှင့် ကုန်စည်ပစ္စည်းများ ရောနှောသယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့်ကားတွင် ခန့်မှန်းတန်ဖိုး ကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာခြင်းလည်း ဖြစ်သည်။

လွိုင်လင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေမင်းရောင်တိုးဂိတ်၌ ဧပြီ ၂၀ ရက်နေ့ က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ဖြိုးဝေထွန်း (ဘ) ဦးမောင်သိန်း (၂၃) နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ခန့်ကျော်ထက် (ဘ) ဦးခင်မောင်လွင် (၂၁) နှစ် လိုက်ပါလာသည့် Nissan Diesel အစိမ်းရောင် ၁၂ ဘီးမော်တော်ယာဉ်အမှတ် MDY-20/4H—– အား စစ်ဆေးရာ ယာဉ်ပေါ်မှ အဝါရောင်ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရုတ်စာတန်းနှင့် GUAN YIN WAN စာတန်းပါ ICE အဖြူရောင်ပုံဆောင်ခဲများထည့်ထားသည့် အဝါရောင်ဆာလာအိတ် ၄၈ အိတ် (ICE အဖြူရောင်ပုံဆောင်ခဲ ၁၂၀၀ ကီလိုဂရမ်ခန့်)၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံခန့်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ ယာဉ်မောင်း၏ ပြောကြားချက်အရ ၎င်းတို့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ချောင်းဦးမြို့မှ မိုင်းလားမြို့အထိမောင်းနှင်ရသည့် ယာဉ်မောင်းအလုပ်ကို ယာဉ်နောက်လိုက် ခန့်ကျော်ထက်နှင့်အတူ လုပ်ကိုင်ခဲ့ကြောင်း၊ ဧပြီ ၁၈ ရက်တွင် မိုင်းလားမြို့မှ ချောင်းဦးမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကုန်ပစ္စည်းများမပါဝင်သဖြင့် ကုန်များရရှိရေး ချိတ်ဆက်ခဲ့ရာ နမ့်စန်မြို့၊ အမှတ် (၉) ကျေးရွာအကျော်ရှိ ပြည့်ဖြိုးကျော်ပြောင်းပွဲရုံနှင့် ချိတ်ဆက်မိပြီး ဧပြီ ၂၀ ရက်တွင် ပွဲရုံပိုင်ရှင် ဝင်းဇော်ညွန့်နှင့် ခင်ဝင်းဆွေတို့က ကြက်စာအိတ် ၄၈ အိတ်နှင့် ပြောင်းအိတ် ၂၅၀ အိတ်တို့ကို တင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများ၊ ဖမ်းဆီးရမိမော်တော်ယာဉ်တို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသားများအတွက် စစ်မှုထမ်းဥပဒေဥပဒေမူကြမ်းကို ကမ္ဘောဒီးယားဝန်ကြီးအဖွဲ့ အတည်ပြု

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင် နှစ်နှစ်ကြာ စစ်မှုထမ်းရန် လိုအပ်သည့် ဥပဒေမူကြမ်းကို ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ယခု စစ်မှုထမ်းဥပဒေမူကြမ်းသစ်သည် ၂၀၀၆ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း တစ်ခါမျှ အကောင်အထည်မဖော်ခဲ့သည့်အပြင်၊ လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့သည့် ဥပဒေဟောင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဥပဒေဟောင်းတွင် စစ်မှုထမ်းရမည့် အမြင့်ဆုံးအသက်ကို ၃၀ နှစ်ဟု...

တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။ တမူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် တမူးမြို့နယ်အတွင်း နေထိုင်ကြသည့် သက်ကြီးရွယ်အို ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်။ တမူးမြို့နယ်တွင် အသက် ( ၈၀ )နှစ်နှင့်အထက် သက်ကြီးရွယ်အို ကျား (၅၄)ဦး ၊ မ (၇၅) ဦး စုစုပေါင်း (၁၂၉) ဦးရှိပြီး...

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ ၆၉၆ ဒဿမ ၉ ဘီလျံအထိရောက်ရှိခဲ့ကြောင်း ဖောဘီးစ်ရုရှားမှ ဖော်ပြခဲ့သည်။       ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအားလုံးသည် ရုရှားနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခဲ့သော သဘာဝအရင်းအမြစ်များစွာနှင့် ဆက်စပ်နေပြီး ကုန်သွယ်စီးဆင်းမှုများ အနှောင့်အယှက်ကြုံရခြင်းကြောင့် ကုန်စည်ဈေးနှုန်းများမြင့်တက်သွားသည်နှင့်အမျှ ၎င်းတို့၏ ပိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။ သို့ရာတွင် စာရင်း၏ ထိပ်ဆုံးတွင် ဘီလျံနာအသစ်များ ထွက်ပေါ်ခြင်းမျိုးမရှိကြောင်း ဖောဘ့်စ်က မှတ်ချက်ပြုခဲ့သည်။          ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071