Home News Local News ရက် ၁၀၀ စီမံချက် တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ Smart School နှင့် Football For School Program အကောင်အထည်ဖော်ဆောင်ရွက်မည်

ရက် ၁၀၀ စီမံချက် တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ Smart School နှင့် Football For School Program အကောင်အထည်ဖော်ဆောင်ရွက်မည်

0
126

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင်ပါရှိသည့် ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကို ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ Smart School နှင့် Football For School Program အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြောသည်။

ယမန်နေ့က အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ အားကစားမြှင့်တင်ရေးနှင့် ဘောလုံးအားကစား အဆင့်အတန်းပိုမိုတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရက် ၁၀၀အတွင်း စီမံချက်လုပ်ဆောင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here