Monday, April 27, 2026

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ်...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော...

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့...
HomeNewsLocal Newsရေဦးမြို့တွင် အပူရှောင်စခန်း (၄)...

ရေဦးမြို့တွင် အပူရှောင်စခန်း (၄) နေရာခွဲ၍ဘဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် အပူဒ-ဏ်အန္တရာယ်ကာကွယ်နိုင်‌ရေး အပူရှောင်စခန်းများကို (၄) နေရာခွဲ၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေဦးမြို့တွင် နေထိုင်သည့် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်‌စေရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ (၂၅) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အပူရှောင်စခန်းများတွင် သက်‌တောင့်သက်သာရှိပြီး သန့်ရှင်းသပ်ရပ်သည့် နေရာထိုင်ခင်းများ၊ သောက်သုံးရေများ၊ အရေးပေါ်ကျန်းမာရေးဆိုင်ရာဆေးဝါးနှင့်ပစ္စည်းများ၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ထားရှိဆောင်ရွက်ထားကြောင်း သိရသည်။

ရေဦးမြို့နယ် အပူရှောင်စခန်းများကို ‌ရွှေသိမ်တော်ကျောင်းဓမ္မာရုံ (အောင်ဆန်းရပ်ကွက်) ၊ ကံတွင်းကျောင်း ဓမ္မာရုံ (အောင်ချမ်းသာရပ်ကွက်) ၊ ထန်းတပင်ကျောင်းဓမ္မာရုံ (ဗိုလ်အောင်ဇေယျရပ်ကွက်) နှင့် ဇနိယဇောတိရိပ်သာ (မကြီးတောကျေးရွာ) တို့တွင် ဧပြီလ (၂၅) ရက်မှစ၍ ဖွင့်လှစ်ထားရှိပြီး အဆိုပါ အပူရှောင်စခန်း (၄) ခုတွင် လူဦးရေ (၁၃၀) ဦးခန့် တပြိုင်တည်း နားခိုနိုင်ရန်စီစဉ်‌ ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် မိဘပြည်သူများ အပူဒ-ဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရန်အတွက် အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်‌ရေးအသိပေးနှိုးဆော်ချက်များကို ရေဦးမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ အရေးပေါ် အပူလှိုင်းသတိပေးချက် လမ်းညွှန်ချက်နှင့် အပူချိန်အမြင့်ဆုံးအချိန်တွင် အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်အတွက် မြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်အသိပေးနှိုး‌ဆော်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ​ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတကာစံနှုန်းမီ အပြည်ပြည်ဆိုင်ရာ စစ်တုရင် (International Chess) သာမက မြန်မာတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲများကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းရန် ဒုဝန်ကြီးပြောကြား

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊ ရေကျုံးနှင့် နွံကျုံးဖော်ထုတ် ထိန်းသိမ်းထားရှိမှုများကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းသွားရန် ဦးအေးထွန်းက ပြောကြားခဲ့သည်။ ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ စင်တံခါးနှင့် သစ်ရင်းတံခါး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071