Home Movies စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

0
103

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။

ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။

မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး၏ ကြေညာ ချက်တွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခသည် (၅၅၀၀၀)ကျပ် ဖြစ်ပြီး အထူးကားအတွက် ကျပ် (၈၀၀၀၀) ဖြစ်သည်။

ယခင်က ရိုးရိုးကားခမှာ (၆၀၀၀၀) ကျပ်ဖြစ်ပြီး အထူးကား သည် (၉၀၀၀၀)ကျပ် အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင်လည်း ရိုးရိုးကားလက်မှတ်ခကို (၄၀၀၀၀)ကျပ်မှ (၃၅၀၀၀) ကျပ် ၊ အထူးကားခကို (၆၅၀၀၀) ကျပ် မှ (၆၀၀၀၀)ကျပ်သို့ ပြန် လ ည်ထားသည်ကို တွေ့ရသည်။

ထို့ပြင် မြတ်မန္တလာထွန်း၊ JJ Express ယာဉ်လိုင်းတို့လည်း ကားလက်မှတ်စျေးနှုန်းများကို စျေးပြန်ချပေးပြီး ပိုမိုသင့်တော်သော စျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေပြီ ဖြစ် ကြောင်း ကြေညာထားသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ရည်ဈေးနှုန်းများအရ ဓာတ်ဆီ ၉၂ တစ်လီတာ (၄၆၆၈)ကျပ် ၊ ၉၅ တစ်လီတာလျှင် (၄၉၀၉)ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် (၅၇၅၂) ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာ (၇၀၁၂) ကျပ်ဖြစ်သည်။

ထို့ကြောင့် လတ်တလောတွင် ဓာတ်ဆီ ၉၂ တစ် လီတာ (၆၇) ကျပ်၊ ၉၅ တစ်လီတာ (၃၆) ကျပ်၊ ဒီဇယ် တစ်လီတာလျှ င် (၇၃၃) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၇၄၃) ကျပ်ပြန်လည်ကျဆင်းခဲ့‌ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here