Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeEntertainmentBusinessယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ကျင်စန်းကျော့ဂိတ်ပြန်ဖွင့်လှစ်လိုက်တဲ့သတင်း၊အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မယ့်သတင်း၊မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမယ့်သတင်း၊မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်မှာ (MACCS) စနစ်ကို ဧပြီ ၁ ရက်ကစတင်အသုံးပြုနေပြီဆိုတဲ့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။

ပထမဦးဆုံးသတင်းအနေနဲ့ ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်တဲ့သတင်းပဲဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ရက်ပိုင်းယာယီပိတ်ခဲ့တဲ့ ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန် မန်မိုင် လမ်းကြောင်း) ကို မတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတစ်ဦးက”ဟိုဘက်မှာပိတ်မိနေတဲ့၊ဒီဘက်ကနေသွားလိုမရတဲ့ ကားတွေကအများကြီး၊ခုလမ်းဖွင့်သွားပြီ။မြန်မာဘက်က ဖရဲ၊သခွါး၊ရာဘာတွေအတွက် အဆင်ပိုပြေသွားတယ်”လို့ ပြောဆိုပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မည့်သတင်းပဲဖြစ်ပါတယ်။

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက် နေ့ကစပြီး ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀) နှင့် ကျပ်သိန်း (၂၀၀) သတ်မှတ်ချက်ကိုကျော်လွန်ပြီးအစိုးရဌာနများ သတ်မှတ်အသုံးစရိတ်အတွက်ငွေသားထုတ်ယူခြင်းကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း (၁,၀၀၀)၊စက်မှုဇုန်စက်ရုံများအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ဆိုရင် ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံရင် တစ်ပတ်ကိုအများဆုံး ကျပ်သိန်း (၁၀၀) ထုတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိတဲ့ အတိုင်း ငွေသားပေးသွင်းထားတဲ့ ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို့ ငွေသားနဲ့ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းတဲ့ ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရမယ့် သတ်မှတ်ချက်တွေကတော့ ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မြန်မာမတ်ပဲ အိန္ဒိယသို့တင်သွင်းမှုဆက်လက်အားကောင်းနေမည့်သတင်းပဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာမတ်ပဲတင်သွင်းမှုကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးပေးလိုက်ခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲအရောင်းအဝယ်အပေါ်အကျိုးသက်ရောက်မှုများစွာဖြစ်ခဲ့တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲဧရာကုန်သွယ်မှုဗဟိုဌာနက ဧပြီ၁ရက်မှာ ခန့်မှန်းထုတ်ပြန်လိုက်ပြီး မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမှာဖြစ်ပါတယ်။စျေးအနည်းငယ်ကျဆင်းနိုင်ပေမယ့် ရေရှည်မှာတော့ မြန်မာ့ပဲစျေးက အမာဘက်မှာရှိနေမှာလို ပဲကုန်သည်တိုက သုံးသပ်ထားကြတာရှိပါတယ်။

နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်တွင် ဧပြီ ၁ ရက်ကစပြီးစတင်အသုံးပြုနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။

အဆိုပါနယ်စပ်ဒေသများမှာMACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်တွေကို ယခင် Manual စနစ်နဲ့ ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနကပြောဆိုထားပါတယ်။

MACCS စနစ်ကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ လာမည်ဖြစ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံဖြိုး တိုးတက်လာမယ်လို့သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071