Monday, May 25, 2026

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅...

DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး (၂)ဦးဒဏ်ရာရခဲ့မှု...

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄)...

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့်...

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး...

ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း...
HomeNewsLocal Newsမြိတ်မြို့ရှိ စပါးစိုက်ဧက (၃၀၀၀)...

မြိတ်မြို့ရှိ စပါးစိုက်ဧက (၃၀၀၀) အတွက် ကျပ်သန်း (၆၀၀) နှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ စိုက်ဧက (၃၀၀၀) အတွက် အထွက်နှုန်းတိုးစေရန် ကျပ်သန်း (၆၀၀) နှင့် ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများကို ဇူလိုင်လ (၂၂) ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ သမဝါယမအသင်း၊ အစုအဖွဲ့များမှ အသင်းသား တောင်သူ (၃၁၀) ဦး၏ မိုးစပါးစိုက်ဧက ၃၀၀၀ အတွက်လိုအပ်လျက်ရှိသည့် မျိုးစပါးနှင့် သွင်းအားစုများကို တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ပေးအပ်ခဲ့ခြင်း ဖြစ်သ ည်။

မိုးစပါးစိုက်ဧက (၃၀၀၀) အတွက် ငွေကျပ်သန်း (၆ဝဝ) နှင့် ညီမျှသည့် မျိုးစပါး (၂၃၃၇) တင်း၊ ပုလဲဓာတ်မြေဩဇာ (၁၉၀) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၅၃၃၄) အိတ်၊ သဘာဝမြေဩဇာ (၇၁၂) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းများအောင်မြင်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ဆင်းရဲမှုလျှော့ချနိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝလည်း အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် (၁၂၀၈) သန်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း (၂၆) သင်းမှ အသင်းသားတောင်သူ(၈၇၀)ဦး၏ မိုးစပါးစိုက်ဧက(၆ဝ၄ဝ)အတွက် မျိုးစပါးနှင့် သွင်းအားစုများကို မတည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်၊ ဆီ ထောက်ပံ့၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅ ရက်)က ပုသိမ်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက် တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၉၁)ဦးအတွက် ဆန်၊ ဆီများ တတ်နိုင်သမျှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအား မိမိတို့ ဒေသများတွင် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အရာထမ်းများအနေဖြင့်လည်း မိမိဝန်ထမ်းများအား အမြဲမပြတ်ထိတွေ့၍ ထိန်းကြောင်းကြတ်မတ်ရန်လိုကြောင်း အခက်အခဲများ ရှိပါကလည်း...

DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး (၂)ဦးဒဏ်ရာရခဲ့မှု ရေတာရှည်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် DYNA ကားသည် မိုင်တိုင်အမှတ် ၁၈၀/၄ အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုး သား(၂)ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် Myanmar Rescue လူမှုကူညီရေးအသင်းက ဆွာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄) လုံးအတွက် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့ပေး

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့် သွပ်ချပ်များကိုထောက်ပံ့ပေးအပ်ခဲ့သည်။ အသစ်ပြန်လည်ဆောက်လုပ်မည့်နေအိမ်(၄၉)လုံး၊ ပြန် လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)လုံး(စုစုပေါင်း ၈၄ လုံး)အတွက် တစ်အိမ်ထောင်လျှင် ဘိလပ်မြေ(၂၀) အိတ်၊ သွပ်(၄၀)ချပ်တို့အား ယနေ့ မေ ၂၅ ရက်မွန်းလွဲ ၂ နာရီက ထုတ်ပေးခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ နေအိမ်(၈၄) လုံး၏ ပိုင်ရှင်များအား ကော့ကရိတ်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071