Home News Local News မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် CANTER ကားတိမ်းမှောက်၍ ယာဉ်မောင်း‌ေ-သဆုံး၊ ၂ ဦးဒ-ဏ်ရာရ

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် CANTER ကားတိမ်းမှောက်၍ ယာဉ်မောင်း‌ေ-သဆုံး၊ ၂ ဦးဒ-ဏ်ရာရ

0
75

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် ကုန်စိမ်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ်တစ်စီး ယနေ့ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတစ်ဦး ‌ေ-သဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ဒ-ဏ်ရာရရှိခဲ့သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) ဦးဆောင်မှုဖြင့် အလင်းသစ်ကယ်ဆယ်ရေးအဖွဲ့၊ M Rescue နှင့် မြေနီကုန်းကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ယာဉ်အတွင်း ပိတ်မိနေသည့် ‌ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းကို ထုတ်ယူကယ်ဆယ်ပေးခဲ့ပြီး ဒ-ဏ်ရာရရှိသူ ၂ ဦးကိုလည်း မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အသေးစိတ်နှင့် ယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် မြေပြင်ကယ်ဆယ်ရေးအဖွဲ့ တာ ဝန်ခံထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိတွင် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေသဖြင့် အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ – Hla Tun

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here