ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။
ယနေ့ သြဂုတ် ၁၀ ရက်ကကျင်းပသည့် တတိယအ ကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အ ဝေး(ပထမနေ့)တွင် မြဝတီမြို့၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုများလာ၍ ယင်း အနှိပ်ခန်းနှင့် ပြည့်တန်ဆာရုံများကိုပိတ်သိမ်းပြီး ဖမ်းဆီးအရေးယူရန် ရှိ/မရှိကရင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဦးအေးမင်းထွေး၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရန် ဖော် ထုတ်ဖမ်းဆီးအရေးယူခြင်းများကို မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ၍ ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြောသည်။
ထို့ပြင် အသိပညာပေးလုပ်ငန်းများကိုလည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည့် တန်ဆာလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များနှင့် ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်အစီအမံများရေးဆွဲတင်ပြထားပြီးဖြစ်ကာ ရေး ဆွဲထားသည့် အစီအမံအတိုင်း သ တင်းအတိအကျရရှိပါက ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဟု ပြော သည်။
