မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီး ပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းသည် The Belarusian State Association for livestock breeding “Belplemzhivoboe-dinenie” တွင် General Director နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ နို့စားနွားမျိုးထုတ်လုပ်မှုနှင့် အစာထုတ်လုပ်မှုဆိုင်ရာများကိုဆွေးနွေးကာ နွားမျိုးရည်ထုတ်ဓာတ်ခွဲခန်း၊ Minsk Tractor Plant တွင် ထွန်စက်ထုတ်လုပ်မှုနှင့် စက်အလိုက်အရည်အသွေးတို့ကိုကြည့်ရှုလေ့လာခဲ့သည်။
ထို့အတူ စက်တင်ဘာ ၁၆ ရက်တွင် The scientific and production center of the national academy of sciences of Belarus for agri- culture ရှိ စိုက်ပျိုး ရေးနှင့်တိရစ္ဆာန်အစာပင် စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ် မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးစနစ်များ၊ တိရစ္ဆာန်မျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သန္ဓေကူးပြောင်းဓာတ်ခွဲ ခန်း၊ အာဟာရဗေဒဓာတ်ခွဲခန်း၊ Zhodino-AgroPlem Elita breeding enterprise ၏ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁၇ ရက်၌ The Belarusian National Biotechnology Corporation ၏ တိရစ္ဆာန်အစာထုတ်လုပ်မှု၊ အစာရောစပ်ဖြည့်စွက်အားဆေးများ ထုတ်လုပ်မှု၊ အမိုင်နိုအက်ဆစ်များထုတ်လုပ်နေမှုနှင့် JSC Agroko-mbinat Dzerzhinsky ၏ ကြက်မွေးမြူခြင်းနှင့် အသားထုတ်ကုန်များထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
