Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeMoviesမြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် ဧည့်သည်တော်များအပါအဝင် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅၂ ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးသည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေးထိုးဘုတ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် “မေတ္တာစမ်းရေ” အမည်ရှိ တရုတ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်သတင်းပတ်ကျင်းပခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071