HomeNewsLocal Newsမြန်မာ့ငလျင် ဘန်ကောက်အထိ လှုပ်ခတ် မြန်မာနိုင်ငံတောင်ပိုင်း... မြန်မာ့ငလျင် ဘန်ကောက်အထိ လှုပ်ခတ် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးကို ဗဟိုပြု၍ တနင်္လာနေ့ နံနက်ပိုင်းတွင် အင်အားအသင့်အတင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး ဘန်ကောက်နှင့် ပြည်နယ်သုံးခုထက်မနည်းတွင် လှုပ်ခတ်မှုဖြစ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ပထမငလျင်သည် ရစ်ခ်တာစကေး ၅ ဒဿမ ၃ ရှိပြီး ထိုင်းစံတော်ချိန် နံနက် ၉း၀၅ နာရီတွင် လှုပ်ခတ်ခဲ့သည်ဟု ဌာနက ပြောကြားခဲ့သည်။ ထိုငလျင်သည် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်၏ အနောက်တောင်ဘက် ၂၄၇ ကီလိုမီတာအကွာရှိ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီး မြေအောက် ၁၀ ကီလိုမီတာအနက်မှ ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ဒုတိယမြောက်ငလျင်သည် ပြင်းအား ၃ ဒဿမ ၂ ပမာဏရှိပြီး ထိုင်းစံတော်ချိန် နံနက် ၉း၁၈ နာရီတွင် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးတွင်ပင် ၁၀ ကီလိုမီတာအနက်မှ လှုပ်ခတ်ခဲ့သည်။ ဘန်ကောက်၊ ချင်းမိုင်၊ လမ်ဖန်းနှင့် နွန်ထာဘူရီမှ လူများသည် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပြီး ခဏတာပျို့အန်ခြင်းဝေဒနာခံစားခဲ့ရကြောင်းကို ဌာနသို့ သတင်းပို့မှု ၄၀ ခန့်ရှိခဲ့သည်။ ၎င်းတို့အများစုသည် ဘန်ကောက်ရှိ အဆောက်အအုံများတွင် ရှိနေကြသူများဖြစ်သည်။ ငလျင်များသည် အဒ္ဒမန်ပင်လယ်ရှိ စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားမှုကြောင့်ဖြစ်ရကြောင်း ယူဆခဲ့သည်။ ဘန်ကောက်ရှိ အထပ်မြင့်အဆောက်အအုံများတွင် လူများဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ လက်ရှိတွင် ငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးမှုသတင်းများ မရရှိကြောင်း ဌာနက ပြောကြားခဲ့သည်။ Written by Popular Journal May 18, 2026 Estimated reading time: Less than 1 minutes FacebookInstagramTwitter Ref: ဘန်ကောက်ပို့စ် Movies မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး Popular Journal - Movies ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး Popular Journal - Movies ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး Popular Journal - Movies ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ် Popular Journal - Load more Ads Space Available Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071 Contact Us မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး Popular Journal - August 13, 2026 Movies မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး Popular Journal - Movies ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး Popular Journal - Movies ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး Popular Journal - Movies ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ် Popular Journal - Continue reading Popular Journal - August 13, 2026 Moviesမင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။ Popular Journal - August 13, 2026 Moviesကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊... Popular Journal - August 13, 2026 Moviesကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ Ads Space Available Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071 Contact Us