Monday, May 18, 2026

ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌...

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန် ပေကျင်းသို့ မသွားရောက်မီ တစ်ရက်အလိုတွင် ရုရှားဒရုန်းများသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်းများသို့...

မေ ၂၅ ရက်မှ စတင်၍...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန...

၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ...

ပေကျင်း၊ မေလ ၁၈ ရက် တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄...

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏...
HomeNewsLocal Newsမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်အ ဖြစ် ဂျပန်လူမျိုးနည်းပြ...

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်အ ဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ လာမည့် ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့နှင့် AYA Bank Tri-Nations Cup (Women Friendly)အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ် မစ္စတာ ကာတို၏ ဦးဆောင်မှုဖြင့် လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင် ဆင်မှုများကို မကြာမီစတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh သည် အသက် (၄၆)နှစ်ရှိပြီဖြစ်ကာ AFC Pro License ကိုင်ဆောင်ထားသူဖြစ်ပြီး အာရှဘောလုံးလောက၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် နည်းပြအတွေ့အကြုံရင့်ကျက်၍ အမျိုးသ မီးဘောလုံးလောကတွင်လည်းအောင်မြင်မှုများရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁- ၂၀၂၂ ခုနှစ်များတွင်တာဝန်ယူခဲ့ပြီး အသင်းကို AFF Championship ဒုတိယဆု(၂၀၁၉)ခုနှစ်နှင့် (၃၀)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရအသင်းများတွင်လည်းပါဝင်ခဲ့သည့်အပြင် ထိုင်းလိဂ်ကလပ်အ သင်းကြီးများဖြစ်သည့် Chonburi FC၊ BG Pathum United၊ Samut Prakan City တို့တွင် လက်ထောက်နည်းပြ၊ နည်းစနစ်ပိုင်းဆိုင်ရာအချက်အလက်ခွဲခြမ်း စိတ်ဖြာသူနှင့် နည်းစနစ်ဒါရိုက်တာတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ထိုင်းအမျိုး သားလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအ ဖြစ်တာဝန်ထမ်းဆောင်ကာ ၂၀၂၄ အာရှဖလားပြိုင်ပွဲတွင် ထိုင်းအသင်း(၁၆)သင်းအဆင့်တက်ရောက်နိုင်ရန်ကူညီပေးခဲ့သူဖြစ်ပြီး ဂျပန်ကလပ်အသင်းများဖြစ်သည့် Kyoto Sanga နှင့် Tegevajaro Miyazaki အ သင်းတို့တွင်လည်း နည်းပြတာဝန်များထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန် ပေကျင်းသို့ မသွားရောက်မီ တစ်ရက်အလိုတွင် ရုရှားဒရုန်းများသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်းများသို့ ဦးတည်မောင်းနှင်နေသည့် ပင်လယ်နက်အတွင်းရှိ တရုတ်ပိုင် ကုန်တင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်။ ဆိပ်ကမ်းဒေသသို့ ဦးတည်မောင်းနှင်နေသည့် မာရှယ်ကျွန်းစု(Marshall Islands) အလံစိုက်ထူထားသော သင်္ဘောတစ်စင်းနှင့် ဂီနီဘစ်ဆော(Guinea-Bissau) အလံစိုက်ထူထားသော အခြားသင်္ဘောတစ်စင်း စသည့် အရပ်ဘက်သုံးသင်္ဘောနှစ်စင်း ယနေ့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ ယူကရိန်းရေတပ်၏ ထုတ်ပြန်ချက်အရ မာရှယ်ကျွန်းစုအလံစိုက်ထူထားပြီး တရုတ်အမှုထမ်းများ လိုက်ပါလာသည့် တရုတ်ပိုင်ကုန်တင်သင်္ဘော "KSL...

မေ ၂၅ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက်များအလိုက် နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ...

၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာ

ပေကျင်း၊ မေလ ၁၈ ရက် တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၆၂၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလျံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် စက္ကူဖြူစာတမ်း တစ်စောင်အရ သိရသည်။ တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် တည်နေရာအခြေပြု ဝန်ဆောင်မှုများအသင်း (GLAC) က ထုတ်ပြန်သည့် အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071