Wednesday, May 27, 2026

လှည်းကူးတွင် ၂၀၀ ကေဗွီအေ ထရန်စဖော်...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရန် ကင်း(၃)လမ်း၌ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ်တစ်လုံးအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တိုးချဲ့တပ်ဆင်ပေးခဲ့ပြီးနောက် ၁၁ ကေဗွီ...

ငွေသားနှင့် KBZPay တစ်ဝက်စီဖြင့် နိုင်ငံတော်အစိုးရက...

မေ ၂၆၊ ၂၀၂၆ မြန်မာ့စီးပွားရေး၏ အဓိကကဏ္ဍ ဖြစ်သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ...

မန္တလေးငလျင်အပြီး FDA မှ E-Submission...

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်...

မြန်မာအမျိုးသမီးနည်းပြဟောင်း တက်ဆူရို ယူကီ Women...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဟောင်းဖြ စ်သူ ဂျပန်လူမျိုး မစ္စတာ တက်ဆူရို ယူကီ (Tetsuro Uki)...
HomeNewsLocal Newsမေ ၂၆ ရက်တစ်ညတည်းတွင်...

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌ ငလျင်(၃) ကြိမ်လှုပ်ခတ်ခဲ့

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ည ၁၁ နာရီ ၅၄ စက္ကန့်က ကလေးဝမြို့၏ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ၊ အနက်(၇၈)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ည ၈ နာရီ ၃၇ မိနစ် ၄၇ စက္ကန့်ကလည်း မော်လိုက်မြို့၏ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်အကွာ၊ အ နက်(၇၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်ကလည်း ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အ ကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုများကို တမူးမြေငလျင်စခန်းနှင့် ကမ္ဘာအေးမြေငလျင်စခန်းတို့မှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှည်းကူးတွင် ၂၀၀ ကေဗွီအေ ထရန်စဖော် အသစ်တစ်လုံးတိုးချဲ့တပ်ဆင်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရန် ကင်း(၃)လမ်း၌ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ်တစ်လုံးအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တိုးချဲ့တပ်ဆင်ပေးခဲ့ပြီးနောက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ(၇၀၀)နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းပေ(၅၀၀)ဆွဲခြင်းလည်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ထရန်စဖော်မာအသစ်တစ်လုံးကိုတိုးချဲ့တပ်ဆင်ပေးနိုင်ခဲ့၍ ရန်ကင်း(၂)လမ်း၊ (၃)လမ်း၊ (၄)လမ်းနှင့် ရန်ကုန်-ပဲခူးလမ်းမကြီးဘေးရှိ မီးသုံးသူများမှာ တည် ငြိမ်သောလျှပ်စစ်ဓာတ်အားကိုဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငွေသားနှင့် KBZPay တစ်ဝက်စီဖြင့် နိုင်ငံတော်အစိုးရက စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

မေ ၂၆၊ ၂၀၂၆ မြန်မာ့စီးပွားရေး၏ အဓိကကဏ္ဍ ဖြစ်သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) က စိုက်ပျိုးစရိတ်ချေးငွေများကို စနစ်သစ်တစ်ရပ်ဖြင့် စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သိရသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးပေးမည့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများထံ ပေးအပ်ရာတွင် ယခင်နှစ်များကဲ့သို့ ငွေသားသက်သက်မဟုတ်ဘဲ စနစ်သစ်အနေဖြင့် ငွေသား ၅၀ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ငွေကြေး (E-money) ၅၀ ရာခိုင်နှုန်း ခွဲဝေကာ အချိုးကျ...

မန္တလေးငလျင်အပြီး FDA မှ E-Submission System တွင် Risk-Based Sampling System စတင်အသုံးပြုမည်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် (လုပ်ငန်းသစ်/လုပ်ငန်းတိုး) လျှောက်ထားလာသော လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် GMP စံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းများအား ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထောက်ခံချက်ထုတ်ပေးပြီးနောက်ပိုင်းတွင်လည်း နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများကို “Risk-Based Sampling...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071