Friday, June 12, 2026

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...

ကမ္ဘောဒီးယား၏အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှိမ်နင်းမှုချီးကျူးခံရ

ဇွန်လ ၁၂ ရက် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘေလီ က ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုဗဟိုချက်များကို နှိမ်နင်းရန်...

ဝါရှင်တန်ရင်ပြင်မြက်ခင်းပြင်ပေါ်တွင်ထရမ့်ပ်ကို ဆန့်ကျင်သည့် အမှတ်အသားကြီးများ ရေးဆွဲထား

ဇွန်လ ၁၂ ရက် ဝါရှင်တန်ဒီစီ မြို့လယ်ရှိ အမျိုးသားရင်ပြင် ၏ မြက်ခင်းပြင်ပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် ဆက်စပ်နေသည့် “8647” ဂဏန်းအမှတ်အသားကြီးများ...

ဂျပန်နိုင်ငံက H3 ဒုံးပျံကို အောင်မြင်စွာ...

တိုကျို၊ ဇွန်လ ၁၂ ရက် ဂျပန်နိုင်ငံသည် သောကြာနေ့တွင် နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု ရှိ တာနဲဂါရှီးမား အာကာသစခန်း မှနေ၍ H3 စမ်းသပ်ဒုံးပျံတစ်စင်းကို...
HomeNewsLocal Newsမူကြိုကလေးငယ်များ၏ အာဟာရဖြည့်စွက်ငွေ ၅၀၀...

မူကြိုကလေးငယ်များ၏ အာဟာရဖြည့်စွက်ငွေ ၅၀၀ ကျပ်နှုန်း တိုးမြှင့်ပေးရေး အစီအစဉ်မရှိသေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြေကြား

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ကလေးတစ်ဦးလျှင် တစ်ရက်တာ အာဟာရဖြည့်စွက်စရိတ်အဖြစ် သတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်းကို လက်ရှိကုန်ဈေးနှုန်းနှင့်အညီ တိုးမြှင့်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားခဲ့သည်။

ယင်းမေးခွန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်ဇာခြည်လင်းက ၂၀၁၀ ခုနှစ်ဝန်းကျင်ကာလများတွင် မူလတန်းကြိုကျောင်းများရှိ ကလေးငယ်များအတွက် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သင့်တင့်မျှတသည့် နေ့လယ်စာနှင့် အာဟာရဖြည့်စွက်စာများ စီစဉ်ပေးနိုင်ခဲ့သော်လည်း လက်ရှိကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကလေးများအနေဖြင့် အိမ်မှ ထမင်းချိုင့်ယူဆောင်လာရသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ထောက်ပြပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိသတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်းဖြင့် ကလေးတစ်ဦးအတွက် အာဟာရပြည့်ဝစေမည့် နို့၊ ကြက်ဥ၊ အသီးအနှံများ ဝယ်ယူကျွေးမွေးရန် မလုံလောက်တော့ဘဲ ကစီဓာတ်များသည့် တန်ဖိုးနည်း မုန့်အမျိုးအစားများကိုသာ ကျွေးမွေးနိုင်သည့် အခြေအနေဖြစ်နေကြောင်း၊ ယင်းသည် ရေရှည်တွင် ကလေးငယ်များ၏ အာဟာရချို့တဲ့မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးတစ်ဦးအတွက် သတ်မှတ်ထားသည့် အာဟာရဖြည့်စွက်စရိတ် ၅၀၀ ကျပ်နှုန်းကို ကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်သတ်မှတ်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မူလတန်းကြိုကျောင်း ၃၆ ကျောင်း ဖွင့်လှစ်ထားရှိပြီး လူမှုဝန်ထမ်း ၂၁၃ ဦးမှ ကလေးငယ်များအား ပြုစုသင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးမှုအစီအစဉ်များကို ယခင်ကတည်းက တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် လိုအပ်ချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့် Nasdaqစျေးကွက်တွင်စတင်ရောင်းချမည်

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့ ကနဦးစတော့ရှယ်ယာ မိတ်ဆက်ရောင်းချမှု (IPO) တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၃၅ နှုန်းဖြင့် စျေးနှုန်းသတ်မှတ်ခဲ့ပြီး ရှယ်ယာပေါင်း ၅၅၅.၅၆ သန်းခန့်ကို ရောင်းချခြင်းဖြင့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံအထိ ရှာဖွေစုဆောင်းနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အစီရင်ခံစာများအရ အဆိုပါ IPO စျေးနှုန်းသတ်မှတ်ချက်သည် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးကို...

ကမ္ဘောဒီးယား၏အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှိမ်နင်းမှုချီးကျူးခံရ

ဇွန်လ ၁၂ ရက် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘေလီ က ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုဗဟိုချက်များကို နှိမ်နင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် "အကြမ်းဖက်အစွန်းရောက်ဝါဒများနှင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများ" ဆိုင်ရာ ရှင်းလင်းပွဲတစ်ခုတွင် ဘေလီက Wall Street Journal သတင်းစာမှ ဂါဘရီရယ် စတိန်းဟောက်ဆာ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ သတင်းထောက်က "ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ပြည်တွင်းလိမ်လည်မှုလုပ်ငန်းကို နှိမ်နင်းမှုအပေါ် ခင်ဗျားတို့ရဲ့ အကဲဖြတ်ချက်က...

ဝါရှင်တန်ရင်ပြင်မြက်ခင်းပြင်ပေါ်တွင်ထရမ့်ပ်ကို ဆန့်ကျင်သည့် အမှတ်အသားကြီးများ ရေးဆွဲထား

ဇွန်လ ၁၂ ရက် ဝါရှင်တန်ဒီစီ မြို့လယ်ရှိ အမျိုးသားရင်ပြင် ၏ မြက်ခင်းပြင်ပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် ဆက်စပ်နေသည့် “8647” ဂဏန်းအမှတ်အသားကြီးများ ရေးဆွဲထားမှုကို အမေရိကန် ပန်းခြံထိန်းရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အမျိုးသားရင်ပြင်ကို စီမံခန့်ခွဲရသည့် ပြည်ထဲရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုဖြစ်စဉ်သည် "စိတ်ဖောက်ပြန်ကာဖျက်ဆီးမှု"ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး "သည်းခံခွင့်လွှတ်သွားမည်မဟုတ်" ဟု ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ချက်တစ်ခုတွင် "သမ္မတအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို ဝန်ကြီးဌာနအနေနဲ့ အလွန်အလေးအနက် သဘောထားပါတယ်၊ ကျွန်တော်တို့ရဲ့ အမေရိကန် ပန်းခြံထိန်းရဲတပ်ဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071