Tuesday, July 7, 2026

၄ ပွဲဆက် နိုင်ပွဲနှင့်အတူ အ...

Myanmar Women's League 2026-27 Week-4 ပွဲစဉ်ကောင်းဖြစ်သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က ပဒုမ္မာကွင်း၌ကျင်းပခဲ့သည့်ပွဲစဉ်တဥ်...

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းထားသည့် “အာဆီယံဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို...

လျှပ်စစ်မော်တော်ယာဉ် (EV) အစီး ၂၀...

လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ အသီးသီး ဆိုက်ရောက်လာပြီးနောက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း...

သီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆ ဦးထက်မနည်း...

သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။ မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂...
HomeNewsLocal Newsမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။

ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေး ချက်အမှတ်စဉ် (၇/၂၀၂၆)ဖြင့် အသိပေးထားခြင်းဖြစ်သည်။

သတိပေးချက်အရ နေပြည်တော်၊ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအ ထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကြောင်း သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေ ကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီ ဥတုအခြေအနေကို ကြိုတင်စောင့်ကြည့်ကာ လိုအပ်သည့်သတိပြုမှုများ ဆောင်ရွ က်ကြရန် နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၄ ပွဲဆက် နိုင်ပွဲနှင့်အတူ အ မှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည့် ISPE FC အသင်း

Myanmar Women's League 2026-27 Week-4 ပွဲစဉ်ကောင်းဖြစ်သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က ပဒုမ္မာကွင်း၌ကျင်းပခဲ့သည့်ပွဲစဉ်တဥ် ISPE FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အ နိုင် ရရှိသွားခဲ့ခြင်းဖြစ်သည်။ ပွဲစတင်တည်းက နှစ်သင်းစလုံးအနိုင်ရရှိ‌ရေး ဦးတည်ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန်ကြာလာသည်နှင့်အတူ ISPE FC အသင်းက ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့သည်ကို တွေ့ရသည်။ အရန်လူအင်အား သာလွန်မှုက ISPE FC အတွက် ခွန်အားတရပ်ဖြစ်ခဲ့ပြီး အနိုင်ဂိုးများကို လင်းမြင့်မိုရ်နှင့် မိမိဇင်တို့က ၁၅...

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် နှင့်ပတ်သက်သည့် အဆိုကို  ဇူလိုင် ၉ ရက် တွင် အပြီးသတ်ဆုံးဖြတ်ရန် လျာထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းထားသည့် “အာဆီယံဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းချက်အဆို” ကို လာမည့် ဇူလိုင်လ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် လျာထားကြောင်းယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် နာယက က ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို ဇွန်လ ၂၆ ရက်နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံ၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို စွက်ဖက်နေကြောင်း၊...

လျှပ်စစ်မော်တော်ယာဉ် (EV) အစီး ၂၀ တင်သွင်းရောက်ရှိပြီး စစ်ဆေးထုတ်ပေး

လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ အသီးသီး ဆိုက်ရောက်လာပြီးနောက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်း လျှပ်စစ်မော်တော်ယာဉ် (EV) ကားများကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။ အဆိုပါ လျှပ်စစ်မော်တော်ယာဉ်များအနက် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ယာဉ် ၁၅ စီးကို ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ သီလဝါဆိပ်ကမ်းရှိ ယာဉ် ၂ စီးကို ဇွန်လ ၃၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071