Tuesday, August 11, 2026

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ...

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...
HomeInternationalမလေးဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ လာရောက်မည်

မလေးဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ လာရောက်မည်

ပေကျင်း၊နိုဝင်ဘာ ၁

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများရှိနေသည့်ကြားမှပင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မစ္စတာအီဘရာဟင်သည် ပေကျင်း၏ဖိတ်ကြားချက်အရ နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လင်ရှီယန်းကပြောကြားခဲ့သော်လည်း ၎င်း၏ တရုတ်ခရီးစဉ် အစီအစဉ်အသေးစိတ်ကိုမူ သတင်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခုတစ်ကြိမ်သည် ၂၀၂၂ ခုနှစ် ဝန်ကြီးချုပ်ရာထူးယူပြီးကတည်းက မစ္စတာအန်နဝါ၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီး ယမန်နှစ် မတ်လကလည်း တရုတ်ခရီးစဉ်အတွင်း သမ္မတရှီနှင့်တွေ့ဆုံခဲ့သေးသည်။

၂၀၂၃ ခုနှစ်က နှစ်နိုင်ငံဆက်ဆံရေး ဆယ်နှစ်ပြည့်ခဲ့ကြသည့် ပေကျင်းနှင့်ကွာလာလမ်ပူတို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ အပြိုင်အပြင်းအထန်ငြင်းခုံခဲ့ကြသည့်နိုင်ငံများလည်းဖြစ်သည်။

တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတူးဖော်မှုလုပ်ငန်းများကို ရပ်နားထားရန် ပေကျင်းက ကွာလာလမ်ပူကိုတိုက်တွန်းခဲ့ချိန်ကလည်း ဝန်ကြီးချုပ်အန်နဝါက မလေး၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးကိုဆက်လက်လုပ်ဆောင်သွားမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

Source : အန်နာဒိုလူအေဂျင်စီ
Photo credit to SCMP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး ကျပ် ဘီလီယံ ၁၅၀ ကို ချေးငွေအဖြစ် ထုတ်ချေးပေးမည်

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး ယင်းအနက် ကျပ် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်းအဝေးမှ သိရသည်။ အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြေလျှော့ပေးထားပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071