မန္တလေး မဟာအောင်မြေကျောက်ဝိုင်းထဲ ပေါက်ကွဲမှုဖြစ်ပွား
မန္တလေး၊အောက်တိုဘာ၁၉ ရက်
ယနေ့ မနက် ၁၁နာရီအချိန်ခန့်ကမန္တလေး မဟာအောင်မြေကျောက်ဝိုင်းထဲ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
“အုန်းကနဲ ဆိုတဲ့ အသံကြားရတော့ အကုန်ထွက်ပြေးကြတယ်။ပေါက်တဲ့အသံက လူသိပ်မရှိတဲ့ အတွင်းပိုင်းနေရာကနေ လာတာ။လူထိလား။မထိလား။မသိရဘူး။ဘာတွေပျက်စီးလည်းဆိုတာလည်း မသိရဘူး”ဟု ကျောက်ဝိုင်းထဲ အလုပ်လုပ်နေသူတစ်ဦးကပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်နေရာကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ပေါက်ကွဲမှုဖြစ်ခဲ့သည့် ကျောက်ဝိုင်းသည် မကြာသေးခင်ကမှ ဖွင့်ထားသော ကျောက်ဝိုင်းဖြစ်ပြီး ပေါက်ကွဲသံသည် ကျယ်လောင်သည်ဟု ပြောသည်။
မကြာသေးခင်က ဖွင့်ထားသော်လည်း ကျောက်ဝိုင်းထဲ ယခင်ကကဲ့သို့ စည်ကားမှုများမရှိသေးဘဲ လူအနည်းငယ်သာ ဝင်ရောက်ရောင်းချမှုပြုနေပြီး အများစုသည် အပြင်ဘက်တွင်သာ အရောင်းအဝယ်ပြုမှု များပြုလုပ်နေကြသည်ဟု ကျောက်ကုန်သည်တစ်ဦးကပြောသည်။