Thursday, August 13, 2026

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...
HomeNewsLocal Newsမကွေးမြို့နယ် နှင် ပြည်ကြီးတံခွန်မြို့နယ်မှာ...

မကွေးမြို့နယ် နှင် ပြည်ကြီးတံခွန်မြို့နယ်မှာ စိတ်ကြွရူးသွ ပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ

မကွေးမြို့နယ်၌ ငွေကျပ်သိန်း (၄၅၀၀) တန်ဖိုး၊ ပြည်ကြီးတံခွန် မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွ ပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မကွေးမြို့နယ် ကန်ပြားကျေးရွာအနီးတွင် မေ (၂၄) ရက်က တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်နေ ဟန်မင်းကို(ခ)မင်းမင်း (၄၈) နှစ် မောင်းနှင်လာသော TOYOTA LANDCRUIS ER PRADO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀၀) (တစ် ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀၀) ဖမ်းဆီးရမိသဖြင့် ဟန်မင်း ကို(ခ)မင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ထို့အတူ မေ (၂၄) ရက် ညနေ (၆) နာရီခွဲတွင် မူးယစ်ဆေး ဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် ၊ တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်၌ မီနီအိုးဝေဖြင့် တန်ဆာပစ္စည်း လာရောက်ထုတ်ယူသူ အောင်မြေသာစံမြို့နယ် ၊ ရွှေလောင်းညွန့် ရပ်ကွက်နေ ညီညီဝိုင်း(၃၉)နှစ်အား စစ်ဆေးရှာ ဖွေရာ ဘိန်းစိမ်း (၂၃)ကီလို (တစ်ကီလိုလျှင် ငွေကျပ် (၉) သိ န်းနှုန်းဖြင့် ဒေသတန်ဖိုး ငွေကျပ် ၂၀၇ သိန်း)ကို ဖမ်းဆီးရမိသဖြင့် ညီညီဝိုင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071