မကွေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကြောင့် လူနာတစ်ဦး ေ-သဆုံးကြောင်း သတင်းထွက်ပေါ်သော်လည်း ရောဂါအခံကြောင့် ေ-သဆုံးခြင်းသာဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားထားသည်။
ေ-သဆုံးလူနာသည် မင်းလှမြို့နယ်ရဲစခန်းတွင် အချုပ်ကျနေသူတစ်ဦးဖြစ်ပြီး ဖျားနာရာမှဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှု ခံယူနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကြောင့် ေ-သဆုံးခြင်းမဟုတ်ဘဲ ၎င်းတွင်ရှိသည့် ရောဂါအခံများကြောင့် ေ-သဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်ပါတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၂) ဦး ထပ်မံတွေ့ရှိခဲ့ပြီး လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ ေ-သဆုံးမှုနှင့် စပ်လျဉ်းပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
