Home Movies ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက်

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက်

0
102

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၆ ရက်တွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး(ဇူလိုင်၁၃ ရက်မှ ၁၇ရက်) သို့ တက်ရောက်၍ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးစသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထိုပြင် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အတွင်း အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာအာဂျစ်ဒိုဗယ်လ်၊ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာဆမ်ပက်သူရကွန်သာ၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ချုပ် မစ္စတာ ချတ်ချိုင်ဘန်ချွတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်၏ ကာကွယ်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အေကေအမ်ရှမ်ဆူလ်အစ္စလာမ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက်အပြန်အလှန်မျှဝေခြင်း ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာမျှဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံ (၇) နိုင်ငံမှ လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ သံတမန်အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here