အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင် ပြေးဆွဲလိုက်ရာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် သန့်ရှင်းသော လေ-ာင်စာနည်းပညာကို အသုံးပြုသည့် နိုင်ငံအနည်းငယ်ထဲမှ တစ် နိုင်ငံ ဖြစ်လာစေခဲ့သည်။
ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အဆိုပါထိုရထားများ ကို အသုံးပြုသော လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပူးပေါင်းပါဝင်လာခဲ့သည်။ ၎င်းရထားများသည် အပူနှင့် ရေငွေ့ကိုသာ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်ပြီး သမားရိုးကျ ဒီဇယ်စက်ခေါင်းများနေရာတွင် ပိုမိုသန့်ရှင်းသော အစားထိုးတစ်ခုဖြစ်သည်။
ခရီးသည် ၂,၆၀၀ ဆန့်သော ၁၀ တွဲပါ ရထားတွဲသည် ဒေလီမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ဂျင်ဒ်နှင့် ဆိုနီပတ်မြို့များအကြား တစ်နေ့လျှင် နှစ်ကြိမ်ပြေးဆွဲမည်ဖြစ်သည်။
၅၅ မိုင်ရှည်သော လမ်းကြောင်းပေါ်တွင် ဟိုက်ဒရိုဂျင်ရထားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် အိန္ဒိယသည် စွမ်းဆောင်ရည် တိုးတက်စေရန်၊ ကုန်ကျစရိတ်များ လျှော့ချရန်နှင့် ရထားလမ်းကွန်ရက်ကို တိုးချဲ့ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေသွားမည်ဟု မိုဒီက ပြောကြားခဲ့သည်။
ဤစီမံကိန်းသည် ခေတ်မီမောင်းနှင်အားနည်းပညာကို သီးသန့်ဟိုက်ဒရိုဂျင် သိုလှောင်မှု၊ လေ-ာင်စာဆီဖြည့်တင်းမှုနှင့် လည်ပတ်မှုအခြေခံအဆောက်အဦများနှင့် ပေါင်းစပ်ထားသည် ဟု ကြာသပတေးနေ့က အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဒီဇိုင်းထုတ်၊ အင်ဂျင်နီယာနည်းပညာဖြင့် တည်ဆောက်ထားသော ရထားတွဲသည် တစ်နာရီလျှင် အမြင့်ဆုံးအမြန်နှုန်း ၄၇ မိုင်ဖြင့် ပြေးဆွဲရန် မျှော်လင့်ရပြီး ၁,၂၀၀ ကီလိုဝပ် ဟိုက်ဒရိုဂျင်လောင်စာဆဲလ် တွန်းကန်အားစနစ်ဖြင့် မောင်းနှင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ၎င်း၏ ရထားလမ်းများတွင် ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်စေရန် ကြိုးပမ်းမှုအနေဖြင့် ကမ္ဘာ့အကြီးဆုံး ရထားလမ်းကွန်ရက်များထဲမှ တစ်ခုဖြစ်သည့် ၄၃,၅၀၀ မိုင်ရှည်လျားသည့် ကျယ်ပြန့်သော ကွန်ရက်အားလုံးနီးပါးကို လျှပ်စစ်ရထားစနစ်အသုံးပြုခဲ့သည်။
Ref: ရို-က်တာ
