Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်း...

ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၉ ခု က ပြည်သူ ၂သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရ

ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၉ ခု က ပြည်သူ ၂သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရ

ရန်ကုန်၊အောက်တိုဘာ ၁၈ရက်

ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တို့နဲ့ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူ ၂၁၈,၉၀၀ ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒီကနေ့ညနေမှာထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျဉ်းချုပ်သတင်းလွှာ ကဖော်ပြပါတယ်။

လက်ရှိမှာတော့ တပ်မတော်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ အထူးသဖြင့် ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ လုံခြုံရေးအခြေအနေဟာ ဆိုးရွားလျက်ရှိနေတယ်လို့လည်း အကျဉ်းချုပ်သတင်းလွှာကဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အောက်တိုဘာလ ၁၁ ရက်နေ့ ကိန်းဂဏန်းတွေကိုကိုးကားပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲရှောင်ဦးရေ စုစုပေါင်း ၁၅၅,၀၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းပါတယ်။

အဲ့ဒီ တစ်သိန်းခွဲကျော်ထဲမှာ ကယားပြည်နယ်က ၈၅,၈၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းက ၁၃,၇၀၀၊ ကရင်က ၄၉,၃၀၀၊ မွန်ပြည်နယ်က ၃,၀၀၀နဲ့ တနင်္သာရီတိုင်းဒေသကြီးက ၃,၂၀၀ခန့်တို့ပါဝင်ပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲတွေ လတ်တလောမဖြစ်ပွားသေးသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေမှုနဲ့ စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့် မြို့နယ်တချို့မှာ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ ရှိနေတာရှိပြီး မြို့နယ် ၅ ခုမှာ လတ်တလောနေရပ်စွန့်ခွာလာသူ ၂၁,၄၂၁ ကျော်ရှိနေပြီး မူလနေထိုင်ရာနေရာများသို့ ပြန်သွားသူအချို့ရှိပါတယ်။

ဒါ့အပြင် မကွေးက မြို့နယ် ၃ ခုမှာ လူဦးရေ ၁၂,၃၂၁ ခန့်နဲ့ စစ်ကိုင်းက မြို့နယ် ၅ ခုမှာ ၇,၁၂၃ ဦးတို့ အပါအဝင် အဆိုပါတိုင်းဒေသကြီးမှာ ၁၉,၅၀၀ ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးရလျက်ရှိပါတယ်။ အရပ်သားပိုင်အိမ်များ မီးလောင်ဖျက်ဆီးခံရမှုတွေဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျဉ်းချုပ်သတင်းလွှာ ကဖော်ပြပါတယ်။

ဆက်ပြီး သတင်းလွှာက နိုင်ငံတဝှမ်း မြန်မာနိုင်ငံက လူသားချင်းစာနာမှုအခြေအနေတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လုံခြုံရေးအခြေအနေတွေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်ရဆဲဖြစ်ကာ စုစုပေါင်း လူဦးရေ ၃ သန်းဟာ အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေကို လိုအပ်ဆဲဖြစ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံမှာ၂၀၂၁ ခုနှစ်မတိုင်ခင်က တိုက်ပွဲတွေကြောင့် စုစုပေါင်း လူဦးရေ ၃၇၀,၀၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ နေထိုင်ကြရဆဲအခြေအနေမှာ ရှိနေပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071