Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeEntertainmentEntertainment Eventပွဲခံမယ် ရုပ်ရှင်ဇာတ်ကား အောင်မြင်သည့်...

ပွဲခံမယ် ရုပ်ရှင်ဇာတ်ကား အောင်မြင်သည့် အထိမ်းအမှတ် ညစာစားပွဲ ပြုလုပ်

 Pwal-Khan-Mal-(2)

R Square Film Production  ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဇာတ် ကားဖြစ်တဲ့ ‘ပွဲခံမယ်’ ရုပ်ရှင်ဇာတ် ကားကို သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ  မြန်မာတစ်နိုင်ငံလုံး အ တိုင်းအတာဖြင့်  ရုပ်ရှင်ရုံပေါင်း ၄၉ ရုံမှာ  တစ်ပြိုင်နက်တည်း ပြသခဲ့ ပါတယ်။ အခုလိုပြသရာတွင်  ပရိသတ်အားပေးမှု များပြားလာပြီး မျှော်မှန်းတာထက် အောင်မြင်မှုပိုမို ရရှိခဲ့တဲ့အတွက် ဇာတ်ကားမှာ ပါ ဝင်တဲ့ အနုပညာရှင် သရုပ်ဆောင် များနဲ့အတူ စာနယ်ဇင်း မီဒီယာ များ ၊Facebook Campaing Winners  ၊ R Square Film Production တို့နဲ့ TRY မှ မိတ်ဆွေ များ ပျော်ရွှင်စွာနဲ့ အောင်ပွဲခံတဲ့ ညစာစားပွဲကို သြဂုတ်လ ၂၆ ရက်နေ့ ည ၆နာရီ ခွဲက လမ်းမတော်မြို့နယ်ရှိ TRY Restaurant မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီညစာစားပွဲ နဲ့ပတ်သက်ပြီး R Square Production မှ Managing Director  ကိုသက်နိုင်မင်းက…..

“ပွဲခံမယ် ရုပ်ရှင်ဇာတ်ကား စပြ သတော့ ကျွန်တော်တို့R Square Production  Page မှာ မေးခွန်း လေးတွေမေးတယ်။ မေးခွန်းအားလုံး ပေါင်း ၆ ခုမေးတယ်။ ရုပ်ရှင်ထဲမှာ ပါတဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ ပရိသတ် တွေ စိတ်ဝင်စားမယ့် အခန်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေမေး တယ်။ ပြီးတော့ အဲဒီမေးခွန်းတွေကို အမှန်ဆုံးဖြေဆိုနိုင်သူ ၁ဝ ဦးလို့ ကျွန်တော်တို့ ပထမဆုံး သတ်မှတ် ထားတယ်။ နောက်ကျတော့ ပရိသတ် တွေ တောင်းဆိုမှုအရ  ၂ဝ ဦးထိ ပြောင်းလိုက်တယ်။ အဲဒီ ၂ဝ ကို နောက်ထပ် တစ်ယောက်ထပ်ပါပြီး တော့ ‘ပွဲခံမယ်’ မှာပါတဲ့ အနုပညာရှင် တွေရော ၊ တခြားအနုပညာရှင်တွေ အားလုံးနဲ့ အောင်ပွဲခံတဲ့အနေနဲ့ အခု လိုညစာစားပွဲလေး စီစဉ်ဖြစ်တာပါ” လို့ပြောပါတယ်။

ဒီညစာစားပွဲ အတွက် ဖိတ် ကြားထားတဲ့ ဧည့်သည်တော်များ အတွက်ကိုတော့ ညစာဖြင့် တည်ခင်း ဧည့်ခံပြီး၊ အနုပညာရှင်များနဲ့ အမှတ် တရ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ပွဲခံ မယ်အမှတ်တရအဖြစ် လာရောက် တဲ့ ဧည့်သည်တော်များကို ကီးချိန်း၊ တီရှပ်စတဲ့ လက်ဆောင်များ ပေးခဲ့ ကြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071