ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာထွန်းမင်းနိုင်က အမှတ်ဖြင့်အနိုင်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး ရိုးရာဖိုက်တာအ ဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
ပွဲစဥ်အစပိုင်း၌ ထွန်းမင်းနိုင် ခြေထောက် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း အသာစီးထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီတွင်ပြိုင် ဘက်ဖြစ်သူကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရိုးရာဖိုက်တာ ထွန်းမင်းနိုင်၏ ONE တကျော့ပြန်ခရီး၌ (၂)ပွဲဆက်တိုက် အနိုင်ရယူခဲ့ကာ ယခု၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး မြန်မာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။