Home Movies မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတမှာကြား

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတမှာကြား

0
70

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၅ ရက်တွင် မန္တလေး တိုင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အ ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စာစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်း ရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချဆောင်ရွက်ရန်၊ ရပ်ရွာများ၊ မြို့များအလိုက်သစ်ပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စနစ် တကျသစ်ပင်များစိုက်ပျိုးရန် မှာကြားသည်။

သစ်ပင်များစိုက်ပျိုးခြင်းသည် စိမ်းလန်းစိုပြေသည့်မြင်ကွင်းများကိုမြင်တွေ့ရခြင်း၊ ကျန်းမာရေးနှင့် ညီ ညွတ်မျှတသည့်ရာသီဥတုကိုရရှိစေခြင်းတို့အပြင် မျက် စိပသာဒဖြစ်စေပြီး လူများ၏ စိတ်နှလုံးကိုအေးမြစေသည့်အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကာ ဒေသသို့လာရောက်လည်ပတ်သူများလည်းများပြားလာစေမည်ဟု ပြောသည်။

” ဒေသတွင်း ခရီးသွားတွေဝင်ရောက်တာဟာ ဒေသစီး ပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မှာဖြစ်လို့ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ကြစေလိုပါတယ်။ မန္တလေးတိုင်းဟာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာကောင်းများစွာကို ပိုင် ဆိုင်ထားတဲ့အတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် “အိမ်သာလျှင် ဧည့်လာမည်”ဆိုသည့်အတိုင်း မိမိတို့ဒေသသာယာလှပရေး၊ ဒေသ၏ ရိုးရာအမွေအ နှစ်များ၊ ရိုးရာအဝတ်အစားနှင့် အစားအသောက်များ ကောင်းမွန်စေရေး၊ ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့ကိုအားလုံးကဝိုင်းဝန်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here