Friday, May 15, 2026

ပြိုင်ဘက်ကို အမှတ်ဖြင့် အနိုင်ယူပြီး ၂၀၂၆...

ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာထွန်းမင်းနိုင်က အမှတ်ဖြင့်အနိုင်ယူခဲ့ပြီး...

Bank of China –...

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပြည်သူချင်းနားလည်မှုကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ဟု တရုတ်သံအမတ်ကြီးပြော Bank of China – ရန်ကုန်တက္ကသိုလ် ပညာတော်သင် ထောက်ပံ့ကြေး စီမံကိန်း...

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတမှာကြား

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၅ ရက်တွင် မန္တလေး တိုင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၁၄၆)ဦးကို...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင် အမျိုးသား(၁၃၃)ဦးနှင့် အမျိုးသမီး (၁၃)ဦး(စုစုပေါင်း ၁၄၆ ဦး)ကို ယနေ့ မေ ၁၅ ရက်က...
HomeMoviesမန္တလေးတိုင်း၏ GDP သည်...

မန္တလေးတိုင်း၏ GDP သည် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ(၉)ဘီလီယံခန့်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာ ၏ (၁၀)ရာခိုင်နှုန်းခန့်ပါဝင်   ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ မန္တလေးတိုင်းအတွင်းတိုးတက်လာစေရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတတိုက်တွန်း

မန္တလေးတိုင်း၏ GDP သည် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ(၉)ဘီလီယံခန့်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာ ၏ (၁၀)ရာခိုင်နှုန်းခန့်ပါဝင်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ မန္တလေးတိုင်းအတွင်းတိုးတက်လာစေရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

ယနေ့ မေ ၁၅ ရက်တွင် မန္တလေးတိုင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးပြောကြားစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

” မန္တလေးတိုင်းဟာ စက်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေအားလုံး အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့ ထူးခြားတဲ့တိုင်းတစ်ခုဖြစ်ပါတယ်။ အရေးကြီးသီးနှံ (၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှုက အားရကျေနပ်ဖွယ် အနေအထားမှာရှိတဲ့အတွက် ပန်းတိုင်ရရှိမှုမြင့်မားစေဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်စေလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် မန္တလေးတိုင်းသည် ဝါစိုက်ပျိုးမှု၌ ဒုတိယအ များဆုံးဖြစ်၍ မန္တလေးတိုင်းအတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကိုအောင်မြင်အောင် ဆောင်ရွက်နိုင်ကာ ဝါစိုက်ပျိုးထုတ်လုပ်မှုကိုတိုးတက်အောင်ဆောင်ရွက်နိုင်ပါက ဒေသနှင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ပြောသည်။

ထို့အတူ မန္တလေးတိုင်းအတွင်း ရက်ကန်းလုပ်ငန်းများ တိုးတက်လာစေရေးအတွက် တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကာ ဝါမှချည်နှင့်ချည်ထည် များထုတ်လုပ်နိုင်ပြီး ဝါစေ့ဆီနှင့် ဝါကြိတ်ဖက်မှ တိရ စ္ဆာန်အစာများကိုထုတ်လုပ်နိုင်သည်ဟု ပြောသည်။

ထို့ပြင် ဝါဖန်စက်များကိုလည်း စမ်းသပ်ထုတ်လုပ်လျက်ရှိပြီးအောင်မြင်ပါက ဆက်လက်ဖြန့်ဝေပေးသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြိုင်ဘက်ကို အမှတ်ဖြင့် အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင်

ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာထွန်းမင်းနိုင်က အမှတ်ဖြင့်အနိုင်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး ရိုးရာဖိုက်တာအ ဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ပွဲစဥ်အစပိုင်း၌ ထွန်းမင်းနိုင် ခြေထောက် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း အသာစီးထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီတွင်ပြိုင် ဘက်ဖြစ်သူကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရိုးရာဖိုက်တာ ထွန်းမင်းနိုင်၏ ONE တကျော့ပြန်ခရီး၌ (၂)ပွဲဆက်တိုက် အနိုင်ရယူခဲ့ကာ ယခု၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး မြန်မာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

Bank of China – ရန်ကုန်တက္ကသိုလ် ပညာသင်ဆုစီမံကိန်း ၄ နှစ်အတွင်း ကျောင်းသား ၈၀၀ ဦးအား ထောက်ပံ့

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပြည်သူချင်းနားလည်မှုကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ဟု တရုတ်သံအမတ်ကြီးပြော Bank of China – ရန်ကုန်တက္ကသိုလ် ပညာတော်သင် ထောက်ပံ့ကြေး စီမံကိန်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ...

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတမှာကြား

မန္တလေးတိုင်းအတွင်းရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၅ ရက်တွင် မန္တလေး တိုင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အ ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စာစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းအတွင်း ရေဖူလုံစွာရရှိရေးအတွက် ရှိပြီးဖြစ်သည့်အရင်းအမြစ်များကိုအကျိုးရှိအောင်အသုံးချဆောင်ရွက်ရန်၊ ရပ်ရွာများ၊ မြို့များအလိုက်သစ်ပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စနစ် တကျသစ်ပင်များစိုက်ပျိုးရန် မှာကြားသည်။ သစ်ပင်များစိုက်ပျိုးခြင်းသည် စိမ်းလန်းစိုပြေသည့်မြင်ကွင်းများကိုမြင်တွေ့ရခြင်း၊ ကျန်းမာရေးနှင့် ညီ ညွတ်မျှတသည့်ရာသီဥတုကိုရရှိစေခြင်းတို့အပြင် မျက် စိပသာဒဖြစ်စေပြီး လူများ၏ စိတ်နှလုံးကိုအေးမြစေသည့်အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကာ ဒေသသို့လာရောက်လည်ပတ်သူများလည်းများပြားလာစေမည်ဟု ပြောသည်။ " ဒေသတွင်း ခရီးသွားတွေဝင်ရောက်တာဟာ ဒေသစီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071