Thursday, May 21, 2026

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ...

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌...

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...
HomeNewsLocal Newsပြင်ဦးလွင်မြို့အား ရပ်ကွက်ကြီး၁၁ခု ထပ်မံတိုးချဲ့

ပြင်ဦးလွင်မြို့အား ရပ်ကွက်ကြီး၁၁ခု ထပ်မံတိုးချဲ့

ပြင်ဦးလွင်မြို့အား ရပ်ကွက်ကြီး၁၁ခု ထပ်မံတိုးချဲ့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃/ဝက/၂၀၂၁(၁၄၄)(စည်ပင်)ဖြင့် ပြင်ဦးလွင်မြို့အား ရပ်ကွက်ကြီး၁၁ခု ထပ်မံတိုးချဲ့ထားသောကြောင့် မြို့နယ်နိမိတ်သည် ပိုမိုကျယ်ဝန်းလားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ပြင်ဦးလွင်မြို့ဧရိယာ ထပ်တိုးထားလိုက်ပါတယ်။ခုဆိုရင် စည်ပင်က ထပ်တိုးတဲ့ရပ်ကွက်ကြီးတွေအပါအဝင် ပြင်ဦးလွင်မြို့မှာ ရပ်ကွက်ကြီး(၂၁)ခု ရှိလာပါပြီ။ထပ်တိုးတဲ့ ရပ်ကွက်ကြီးတွေကို မြို့နယ်အနေနဲ့ သတ်မှတ်လိုက်တာပါ။ပြင်ဦးလွင်မြို့နယ်အတွင်းမှာ ကျေးရွာအုပ် ၂၈စုနဲ့ကျေးရွာပေါင်း(၁၁၆)ရွာကတော့ ရွာမြေအနေနဲ့ ကျန်သေးပါတယ်´´ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးကပြောသည်။

ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း“ စည်ပင်က ထပ်တိုးတဲ့ ရပ်ကွက်ကြီးတွေကို မြို့မြေသတ်မှတ်လိုက်တော့ ကျွန်တော်မြေအရောင်းအဝယ်လုပ်တဲ့သူတွေအတွက်တော့ ရောင်းရေးဝယ်ရေး ပိုအဆင်ပြေတာပေါ့။မြေဝယ်တဲ့သူအတွက်လည်း ပိုင်ဆိုင်မှုအထောက်အထား ပိုမို ခိုင်မာ လာမှာပါ´´ဟု သုံးသပ်ပြောဆိုခဲ့သည်။


ပြင်ဦးလွင်မြို့သည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယခင်က ရပ်ကွက်ကြီး(၁၀)ခုအထိသာ မြို့မြေဧရိယာအဖြစ်သတ်မှတ်ထားသော်လည်း ယခုအခါ ရေငယ်အရှေ့နှင့်အနောက်ကျေးရွာတို့အား ရပ်ကွက်ကြီး(၁၁)၊ရေချမ်းအိုးတောင်ရွာအား ရပ်ကွက်ကြီး(၁၂)၊ဆင်ခေါင်းလေးရွာအား ရပ်ကွက်ကြီး(၁၃)၊ညောင်နီ၊ရွှေမြင်သာနှင့်ကုလားစုရွာတို့အားရပ်ကွက်ကြီး(၁၄)၊ဖောင်းတောရွာအားရပ်ကွက်ကြီး(၁၅)၊ ကံကြီးကုန်းနှင့်စည်သာရွာတို့အား ရပ်ကွက်ကြီး(၁၆)၊ဆင်ခေါင်းကြီး၊ဈေးကုန်း၊နွယ်နင်းနှင့်အနီးစခန်းရွာတို့အားရပ်ကွက်ကြီး(၁၇)၊ဒိုးကွင်းရွာအားယရပ်ကွက်ကြီး(၁၈)၊ငါးရန့် ချောင်းရွာအားရပ်ကွက်ကြီး(၁၉)၊နောင်ခမ်းကြီးရွာအား ရပ်ကွက်ကြီး(၂၀)၊မိုးကြိုးပစ်၊သိမ်အင်း၊တောင်ပြို၊ကုလားစုနှင့်သဲဖြူချောင်းရွာတို့
အားရပ်ကွက်ကြီး(၂၁)ဟူ၍ မြို့ဧရိယာတိုးချဲ့ပြီး ပြင်ဦးလွင်မြို့နယ်နိယ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အမိန့်ကြော်ငြာစာအရ သိရသည်။

Zaw Gyi

ျပင္ဦးလြင္ၿမိဳ႕အား ရပ္ကြက္ႀကီး၁၁ခု ထပ္မံတိုးခ်ဲ႕

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ အမိန္႔ေၾကာ္ျငာစာအမွတ္ ၃/ဝက/၂၀၂၁(၁၄၄)(စည္ပင္)ျဖင့္ ျပင္ဦးလြင္ၿမိဳ႕အား ရပ္ကြက္ႀကီး၁၁ခု ထပ္မံတိုးခ်ဲ႕ထားေသာေၾကာင့္ ၿမိဳ႕နယ္နိမိတ္သည္ ပိုမိုက်ယ္ဝန္းလားေၾကာင္း ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

“ျပင္ဦးလြင္ၿမိဳ႕ဧရိယာ ထပ္တိုးထားလိုက္ပါတယ္။ခုဆိုရင္ စည္ပင္က ထပ္တိုးတဲ့ရပ္ကြက္ႀကီးေတြအပါအဝင္ ျပင္ဦးလြင္ၿမိဳ႕မွာ ရပ္ကြက္ႀကီး(၂၁)ခု ရွိလာပါၿပီ။ထပ္တိုးတဲ့ ရပ္ကြက္ႀကီးေတြကို ၿမိဳ႕ေျမအေနနဲ႔ သတ္မွတ္လိုက္တာပါ။ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းမွာ ေက်း႐ြာအုပ္ ၂၈စုနဲ႔ေက်း႐ြာေပါင္း(၁၁၆)႐ြာကေတာ့ ႐ြာေျမအေနနဲ႔ က်န္ေသးပါတယ္´´ဟု ၿမိဳ႕နယ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္တစ္ဦးကေျပာသည္။

ျပင္ဦးလြင္ၿမိဳ႕ရွိ အိမ္ၿခံေျမေရာင္းဝယ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးကလည္း“ စည္ပင္က ထပ္တိုးတဲ့ ရပ္ကြက္ႀကီးေတြကို ၿမိဳ႕ေျမသတ္မွတ္လိုက္ေတာ့ ကြၽန္ေတာ္ေျမအေရာင္းအဝယ္လုပ္တဲ့သူေတြအတြက္ေတာ့ ေရာင္းေရးဝယ္ေရး ပိုအဆင္ေျပတာေပါ့။ေျမဝယ္တဲ့သူအတြက္လည္း ပိုင္ဆိုင္မႈအေထာက္အထား ပိုမို ခိုင္မာ လာမွာပါ´´ဟု သုံးသပ္ေျပာဆိုခဲ့သည္။

ျပင္ဦးလြင္ၿမိဳ႕သည္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ယခင္က ရပ္ကြက္ႀကီး(၁၀)ခုအထိသာ ၿမိဳ႕ေျမဧရိယာအျဖစ္သတ္မွတ္ထားေသာ္လည္း ယခုအခါ ေရငယ္အေရွ႕ႏွင့္အေနာက္ေက်း႐ြာတို႔အား ရပ္ကြက္ႀကီး(၁၁)၊ေရခ်မ္းအိုးေတာင္႐ြာအား ရပ္ကြက္ႀကီး
(၁၂)၊ဆင္ေခါင္းေလး႐ြာအား ရပ္ကြက္ႀကီး(၁၃)၊ေညာင္နီ၊ေ႐ႊျမင္သာႏွင့္ကုလားစု႐ြာတို႔အားရပ္ကြက္
ႀကီး(၁၄)၊ေဖာင္းေတာ႐ြာအားရပ္ကြက္ႀကီး(၁၅)၊ ကံႀကီးကုန္းႏွင့္စည္သာ႐ြာတို႔အား ရပ္ကြက္ႀကီး(၁၆)၊ဆင္ေခါင္းႀကီး၊ေဈးကုန္း၊ႏြယ္နင္းႏွင့္အနီးစခန္း႐ြာတို႔အားရပ္ကြက္ႀကီး(၁၇)၊ဒိုးကြင္း႐ြာအားယရပ္ကြက္ႀကီး(၁၈)၊ငါးရန္႔ ေခ်ာင္း႐ြာအားရပ္ကြက္ႀကီး(၁၉)၊
ေနာင္ခမ္းႀကီး႐ြာအား ရပ္ကြက္ႀကီး(၂၀)၊မိုးႀကိဳးပစ္၊သိမ္အင္း၊ေတာင္ၿပိဳ၊ကုလားစုႏွင့္သဲျဖဴေခ်ာင္း႐ြာတို႔
အားရပ္ကြက္ႀကီး(၂၁)ဟူ၍ ၿမိဳ႕ဧရိယာတိုးခ်ဲ႕ၿပီး ျပင္ဦးလြင္ၿမိဳ႕နယ္နိယ္အျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း အမိန္႔ေၾကာ္ျငာစာအရ သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press Communication Center (CIPCC) သတင်းမီဒီယာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းအစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း (China Public Diplomacy Association) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၉၀...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ မိုးကောင်း-မိုးညှင်းမီးရထားလမ်းပိုင်း၏ ခရီးမိုင်(၅၂ ဒသမ ၂၅)မိုင်အနက် (၃၀ ဒသမ ၉၁)မိုင်အထိ ပြုပြင်ပြီးဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အဆိုပါ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပြုပြင်မှုများပြုလုပ်လျက်ရှိသည်။ Photo-ကချင်ပြည်နယ်အစိုးရ

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071