Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeNewsLocal Newsပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

ဖေဖော်ဝါရီ၊ ၁၃

ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မော်စကိုက ယူကရိန်းကို ကျူးကျော်မှု အဆုံးသတ်ရေး အတွက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် မိနစ် ၉၀ နီးပါးကြာ ဖုန်းပြောဆိုမှုအပြီးတွင် ထရမ့် က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တကယ်တော့၊ သူဒီကိုလာမယ်လို့မျှော်လင့်တယ်၊ ကျွန်တော်လဲအဲဒီကိုသွားမယ်၊ ဆော်ဒီအာရေးဗျမှာပထမဆုံးအကြိမ်တွေ့ဆုံဖို့မျှော်လင့်ပါတယ်၊ တစ်ခုခုလုပ်ဆောင်နိုင်မလားဆိုတာကြည့်ကြမယ်” ဟု ထရမ့်ပ် က ဘဲဥပုံ ရုံးခန်း တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တွေ့ဆုံပွဲကျင်းပမည့်ရက်စွဲကို မသတ်မှတ်ရသေး သော်လည်း “မဝေးလွန်းသောအနာဂတ်” တွင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ထရမ့်ပ် က ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မာန် ပါဝင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ “အိမ်ရှေ့မင်းသားကို ငါတို့သိတယ်၊ အဲ့မှာတွေ့ဆုံဖို့က အရမ်းကောင်းတဲ့ နေရာ ဖြစ်မယ်”ဟု ထရမ့်ပ် ကပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုသို့ အလည်အပတ်လာရောက်ရန် ရုရှားသမ္မတပူတင်က ထရမ့်ပ် နှင့် ၎င်း၏အစိုးရအရာရှိများကို ဖိတ်ကြားထားခဲ့ပြီး ယူကရိန်းအရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီသရီ ပက်စ်ကော့ဖ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားသမ္မတက အမေရိကန်သမ္မတကို မော်စကိုသို့လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာဖြေရှင်းမှု ခေါင်းစဉ်အပါအဝင် အပြန်အလှန်စိတ်ဝင်စားတဲ့ နယ်ပယ်တွေမှာ အမေရိကန်အရာရှိတွေကို လက်ခံဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေကြောင်း” ဟု ပက်စ်ကော့ဖ် က ပြောကြားခဲ့သည်။

ထရမ့်ပ်က “ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ချက်ချင်းစတင်မည်”ဟု ဗုဒ္ဓဟူးနေ့တွင် ဖိတ်ခေါ်ပြီးနောက် ၎င်းက ယူကရိန်းသည် ၎င်း၏နယ်မြေဒေသများကို ပြန်လည်ရရှိမည်မဟုတ်ကြောင်းနှင့် ၎င်းကြောင့် အတ္တလန်တိတ် နှစ်ဘက်စလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်နိုင် ကြောင်း ပြောကြားခဲ့ သည်။

Ref: ပေါ်လစ်တီကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့ ဆိုနေကြပါတယ်။ ​ဒင်ဗာ(Denver) မြို့အနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို့ လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ ​၂၀၂၆...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။ စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၆-၂၀၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071