တေးသံရှင် ဇွဲပြည့်ရဲ့ “ခိုလှုံရာ” တေးစီးရီးရဲ့ DVD Karaoke + MTV ကို မေလ ၂၇ ရက်နေ့မှာ ထွက် ရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ MTV အခွေမှာ သီချင်းစုစု ပေါင်း ၁၃ပုဒ်ပါဝင်မှာဖြစ်ပြီး Bonus Track တစ်ပုဒ် ပါဝင်မှာဖြစ် ကြောင်းလည်း သိရပါတယ်။ ဒီအခွေ မှာတော့ သီချင်းများစွာ ကို ဇွဲပြည့် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထား တာကို တွေ့ရပြီး တချို့သီချင်းတွေ ဆို စိတ်ကူးထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ပုံစံ ကွဲ ရိုက်ကူးထားကြောင်း ဇွဲပြည့်က ပြောပါတယ်။
“ကျွန်တော့်ရဲ့ title သီချင်းဖြစ် တဲ့ “ခိုလှုံရာ” သီချင်းကို ထိုင်းနိုင်ငံက မော်ဒယ်နဲ့ ရိုက်ကူးထားတယ်။ အရင်တေးစီးရီး “အပြည်ပြည်ဆိုင် ရာအသည်းကွဲသောနေ့” ထွက်ရှိတုန်း က ကျွန်တော်က အနုပညာ လောက ကို စဝင်ခါစပဲ ရှိသေးတာဆိုတော့ သရုပ်ဆောင်တာ အဆင်မပြေသေး ဘူး။ အခုနောက်ပိုင်းက သရုပ် ဆောင်တာ Mood နည်းနည်းရနေ တယ်။ အဲဒါကြောင့် ဒီတစ်ခေါက် ကျွန်တော့်ရဲ့ Music Video အကုန် နီးနီးကို ကျွန်တော်ကိုယ်တိုင် ရိုက်ကူး ထား ပါတယ်။ ဒီအခွေက ကျွန်တော့် ကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျမယ်လို့ ထင်ပါ တယ်” လို့ ပြောပါတယ်။ အဆိုပါ “ခိုလှုံရာ” Audio CD ကိုတော့ ဖေ ဖော်ဝါရီလမှာ ထွက်ရှိခဲ့ပြီး ပရိသတ် အားပေးမှုလည်း အများ ကြီးရရှိခဲ့ သလို အခု MTV ကိုလည်း ပရိသတ် တွေအားပေးကြမယ်လို့လည်း မျှော် လင့်ရကြောင်း ဇွဲပြည့်က ပြောပါ တယ်။
“ခိုလှုံရာ” စီးရီးကိုတော့ Star Music Production မှ မူပိုင်ထုတ် လုပ်ကာ The Sun Music Production မှ ဖြန့်ချိမှာ ဖြစ်ပြီး သီ ချင်းများကိုတော့ ရဲမြင့်သူ၊ အောင် မြတ်၊ ဘုဏ်းသိုက်၊ ထူးပိုင်ဇော်ဦး၊ JP ၊ Moon Myanmar Media တို့ က ဒါရိုက်တာ အဖြစ် ပုံဖော်ရိုက်ကူး ထားကြောင်း သိရပါတယ်။ ပရိုမိုး ရှင်းကို မေလ ၂၇ ရက်နေ့တွင် လှည်း တန်းစင်တာတွင် ပြုလုပ်မှာဖြစ်ပြီး ပထမဦးဆုံး ဝယ်ယူသူ အယောက် ၂ဝဝ အား ဇွဲပြည့်အမှတ် တံဆိပ်ပါ ၃၅ဝဝ ကျပ်တန် အင်္ကျီအထည် ၁ဝဝနဲ့ ၂၅ဝဝ ကျပ်တန် ဦးထုပ် အလုံး ၁ဝဝ တို့အား အမှတ်တရလက် ဆောင်ပေးသွားမှာ ဖြစ်ပြီး အဆိုပါ DVD Karaoke +MTV ခွေကို ငွေ ကျပ် ၂၅ဝဝ ကျပ် နဲ့ရောင်းချသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
တွယ်တာ